Chapter : 102

11.1K 1.3K 158
                                    

Unicode

ဟီရမှ ထွက်ခွာခြင်း

_________________

သုဒြာသည် ဘရဏသူရှိရာနန်းဆောင်သို့ သူမ​၏အခြွေရံသင်းပင်းများခြံရံ၍ အခစားဝင်ရောက်ခါနီးတွင် နန်းဆောင်အတွင်းမှထွက်လာသော သုန္ဒရီနှင့်တည့်တည့်တိုးလေစည်။

သုဒြာကိုမြင်သည်နှင့် သုန္ဒရီက ဂါရဝပြုကာ

" ခေါင်ဖုရား..."

ဟု တရိုတသေနှုတ်ဆက်သည်။

"တပ်မှူးသုန္ဒရီ..ဘာအကြောင်းထူးကိစ္စများ ရှိလို့ပါလဲ"

" ကျွန်ုပ် မွေးရပ်ဇာတိကို ခေတ္တပြန်မယ့်အကြောင်း သုရှင်ကို လာရောက်ခွင့်ပန်တာပါ"

"မွေးရပ်ဇာတိ?"

ထိုစာလုံးသည် သုဒြာ​၏သည်းပွတ်နှလုံးကို မရည်ရွယ်ပါဘဲ လှုပ်ခါသွားစေ​၏။

မွေးရပ်ဇာတိဟူသောအသံကား သုဒြာမကြားရသည်မှာ အလွန်တရာကြာမြင့်နေလေပြီ။ သူမ​၏မွေးရပ်ဇာတိဖြစ်သော မန္တာမျိုးနွယ်စုတို့​၏အရပ်ဒေသသို့ မရောက်ဖြစ်သည်မှာလည်း ပြောစရာတောင်မလိုတော့​ပေ။ ဘရဏသူနှင့်လက်ဆက်ပြီးကတည်းက ထိုကိုမရောက်ရှိတော့သည်ဖြစ်ရာ ခုနစ်နှစ်မျှ ကြာညောင်းနေပြီဖြစ်သည်။

သူမ မွေးရပ်ကို တမင်တကာပြန်မသွားခြင်းမဟုတ်ပါ။ မိဖုရားရာထူးတည်းဟူသည့် သံခြေချင်းက သူမကို နန်းတွင်းထဲတွင် သော့ခတ်ထိန်းသိမ်းထားသည် မဟုတ်ပါလား။

တစ်ခါတစ်ရံ သူမ​၏ဖခမည်းတော် နန်းတော်တွင်းလာ၍ မိသားစုနှင့် သူမတွေ့ရသည်။ ထိုအချိန်များတွင် မွေးရပ်မြေ​၏ပြောင်းလဲနေပုံကို မိသားစုက တခမ်းတနားပြောပြကာ သူမကိုစိတ်လှုပ်ရှားစေသည်။

အို..သို့ပေမဲ့ သူများပြောလို့ပြန်ကြားရတာနဲ့၊ ကိုယ်တိုင် ထိတွေ့မြင်တွေ့ရတာနဲ့က ဘယ်တူပါ့မလဲလေ။

အခုလောက်ဆိုလျှင် မွေးရပ်မြေဟာ မည်မျှတောင်ပြောင်းလဲမလဲ သုဒြာမျက်စိနှင့်ကိုယ်တိုင်တွေ့လိုသည်။ ထိိုသို့သွားလိုသည်။ ထိုသို့ရောက်လျှင် သုဒြာ​၏စိတ်နှလုံးသည် ငယ်ဘဝ​၏အမှတ်တရများကြောင့် ဆွတ်ပျံ့ကြည်နူးသွားနိုင်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now