" လှိုင်း!!!!! ဆိုင်ထဲမှာ လာနေကျဖောက်သည်တွေလာနေတယ်လေ ဒီမှာ ဘာလုပ်နေတာလဲ "
" ကျ..ကျတော်ဗိုက်ဆာလို့ ပေါင်မုန့်လေးနဲနဲစားနေတာပါ အန်တီ"
" နင်ဗိုက်ဆာတာအရေးမကြီးဘူး အခုချက်ချင်းဆိုင်ထဲက ဖောက်သည်တွေကို အရက်သွားငှဲ့ပေးလိုက် "
" ဟုတ်ကဲ့ "
စားလက်စ ပေါင်မုန့်လေးကိုသေချာပြန်သိမ်းပီး လွယ်အိတ်ထဲထည့်ကာ စားဖိုဆောင်ထဲကထွက်လာခဲ့တယ် ဒီဘ၀ကြီးကနေရုန်းထွက်ချင်ပေမဲ့ ကျတော့်လိုမပြည့်စုံတဲ့လူတယောက်က ဘာများတတ်နိုင်ပါ့မလဲ....ငယ်ငယ်လေးထဲက မိဘမဲ့ဂေဟာကနေ မွေးစားမိဘတွေက မွေးစားခဲ့လို့ အတိုင်းမသိပျော်ရွှင်ခဲ့ရပေမဲ့ သူတို့စိတ်သက်သာရာရဖို့အတွက်ပဲ နေ့တိုင်းနှိပ်စက်ခံခဲ့ရတယ်လေ...နောက်ဆုံးသူတို့ဒဏ်မခံနိုင်တဲ့အဆုံး ထွက်ပြေးလာခဲ့တာ အခုဆို ကျတောင်တောင်အရွယ်ရောက်နေပီပေါ့.....
" Baby... ဒီမှာလာထိုင်လေ "
မလှမ်းမကမ်းကနေ လက်လှမ်းပြကာသူ့ဘေးနားမှာ လာထိုင်ဖို့ခေါ်နေတဲ့လူကြောင့် လှိုင်းခပ်သွက်သွက်လေး ထိုလူအနားမှာသွားထိုင်လိုက်သည် နာမည်ကြီး clubတခုဖြစ်တာကြောင့် သူဌေးတွေသာပိုက်ဆံလာဖြုန်းကြသည် လှိုင်းကတော့ ဖြူဖြူချောချောလေးမို့ ဧည့်သည်တွေကို အရက်ငှဲ့ပေးကာ သူတို့အနားမှာနေပေးရသည်
" Baby ရော့ ဒီအရက်ကိုသောက်လိုက် "
" ဟင့်အင်း ကျတော်မသောက်ပါရစေနဲ့ "
" ဘာလို့လဲကွာ Babyလေးမူးနေတဲ့ပုံစံလေးကြည့်ချင်လို့ "
" ကျတော် အရက်တွေမသောက်တတ်လို့ပါ သူဌေးတို့သောက်ချင်ရင် အရက်ငှဲ့ပေးပါ့မယ် "
" Babyကလဲကွာ "
လှိုင်းဘေးက အသက်40ကျော်လူက လှိုင်းပခုံးကိုဖက်ကာ Short pantလေး၀တ်ထားတဲ့ လှိုင်းရဲ့ပေါင်ဖြူဖြူလေးကို ပွတ်သပ်လိုက်သည်
" ကျတော့်ကို အဲ့လိုတွေမလုပ်ပါနဲ့...ကျတော်မနေတတ်ဘူး "
" နောက်ဆို နေတတ်သွားလိမ့်မယ် "
လှိုင်းအံကိုကြိတ်ကာ ငိုချင်တဲ့စိတ်တွေကိုထိန်းထားလိုက်သည် မျက်၀န်းပြာပြာလေးတွေမှာတော့ မျက်ရည်လေးတွေ၀ဲလျှက်...