Part(30)

6.4K 461 45
                                    

Unicode

"နောက်တစ်ပတ်ဆို ကိုကြီးမွေးနေ့ရောက်ပြီနော်"

"အင်း"

ဒီရက်များမှာ မှိုင်တွေတွေဖြစ်နေတတ်သည့် ကိုကြီးအား အနဂ္ဂသတိထားမိသည်။ ယခုလည်း စာအုပ်လေးကောက်ကိုင်ရင်း ဟိုပြတင်းပေါက်နားသွားရပ်လိုက်၊ဒီတံခါးဝ,နား လာရပ်လိုက် လုပ်နေလေ၏။

"သင်္ခနဲ့ အဆက်အသွယ် တကယ်ဖြတ်လိုက်တာလား"

"ဒီကလေး ငါနဲ့ဝေးမှ ဖြစ်မှာပါ...မျှော်လင့်ချက်တွေပေးပြီး သူ့နှလုံးသားကို ငါအဆိပ်မခပ်ချင်ဘူး ညီညီ"

ယဲ့ယဲ့လေး ချလိုက်သည့် သက်ပြင်းတွေအား မဂ္ဂကိုယ်တိုင်သာ ကြားနိုင်သလို၊သူကိုယ်တိုင်ပဲ နားလည်နိုင်၏။

"ညစျေး သွားမလို့...သောနဲ့"

"သြော်...ကောင်းသားပဲ"

"မဟုတ်ဘူး...စိတ်ပြေလက်ပျောက် လိုက်ခဲ့ဖို့ပြောတာ"

"ငါမလိုက်တော့ဘူး။ဆောက်လုပ်ရေး ပရောဂျက်တစ်ခု ရေးဆွဲစရာရှိသေးတယ်"

"ဒါဆို သွားပြီ"

ရာဇာနှင့် မာယာကိုခေါ်ပြီး ညစျေးလျှောက်လည်ချင်ပါသည် ဆိုသည့် ကိုယ့်လူစကားကြောင့် ဆိုင်ကယ်တစ်စီးဖြင့် မြို့ပတ်ရင်း မိုးကုတ်ရဲ့ညမီးတွေအောက် စိတ်ကူးပုံဖော်ထားသည့် အချစ်ကမ္ဘာလေးက သုညအဆင့်မှာတင် ​ခွပ်ခနဲ ကွဲသွားရသည်။

သွားလေရာ ခေါ်နေကျ သားသမီးနှစ်ကောင်ကလည်း တစ်ခါတစ်လေ​လေးများ ချန်ရစ်ထားခဲ့မိလျှင် ​​ကောင်းကင်ကြီးပဲ ပြိုကျတော့မယောင် ထမင်းမစား၊ဟင်းမစားဘဲ စိတ်ကောက်ကာ သပိတ်မှောက်တတ်နေပြီ။ အခုရက်ပိုင်းမှ ဟိုလူနှင့်ပေါင်းပြီး နှစ်ကောင်လုံး အကျင့်ပျက်​ခြစားနေကြ၏။

"မင်းကကြာလိုက်တာ...ခြံရှေ့မှာ ငါထွက်စောင့်နေတာ...လမ်းတွေ့တဲ့လူတွေက ကျောက်ရုပ်ကြီးပါဆိုပြီး ပြတိုက်ကို လိုက်ပို့ကြတော့မယ်"

"ပါးစပ်ပိတ်ပြီး ကားပေါ်အရင်တက်လိုက်"

သူက မကြည်သလို လေသံတည်တည်​ဖြင့် ပြောလိုက်လျှင်ပဲ သူ့လူက မျက်နှာငယ်လေးနှင့် သူ့ဘေးတွင် ဝင်ထိုင်လာသည်။အနဂ္ဂ နေ့လယ်ကကိစ္စကို တကယ်မကျေနပ်နိုင်သေးပါ။ပေကပ်ပြီးကို ပစ်ထားဦးမှာ...။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now