part 30

8.5K 655 137
                                    

မျက်စိရှေ့က လဲကျသွားသော သူကို မျက်နှာလွှဲပစ်လိုက်ချင်သော်လည်း အလိုက်မသိသော လက်က ထွေးပွေ့ထားပြီးသား ဖြစ်သွားခဲ့သည် ။

ထည်ဝါလင်းရှိန် လို လူမျိုးက အလောင်းမြင်တာနဲ့ သတိမေ့လဲကျသွားသတဲ့လား.... ။  သူ့လို အသက်ငယ်ငယ်နဲ့ သေနတ်ကိုင်လာတဲ့ လူကလေ..... ။ သူ့လို သွေးနံ့တွေ နဲ့ အကျွမ်းတ၀င်ရှိနေပြီးသား လူကလေ... ။ သူ့လို ပုံစံမျိုးစုံ အလောင်းကောင်တွေနဲ့ ရင်းနှီးနေပြီးသား လူကလေ... ။

ခက်ထန် အော်ဟစ်ကာ ရယ်မောလိုက်သည် ။ သူ၏ စိတ္တဇဆန်ဆန် ရယ်မောသံသည် အလုံပိတ်ထားသော အိမ်ထဲ အသံလှိုင်းတို့ ပဲ့တင်ထပ်သွားတော့၏ ။

မေ့မျောနေသော သူကို သူ စိုက်ကြည့်နေသည် ။ မေ့သွားရသည့် အကြောင်းတရားက တစ်ခုတည်းရယ်... သူ ချစ်ရတဲ့ လူ ရဲ့ ပုပ်သိုးနေတဲ့အသားစတွေနဲ့ ခန္ဓာကိုယ်က တစက်စက်စီးကျနေတဲ့ အသားပုပ်ရည်တွေကို မြင်လိုက်ရလို့....။

ကိုယ် ချစ်ရတဲ့လူကို ဒီလို ရုပ်ပျက်ဆင်းပျက် အခြေအနေမျိုးနဲ့ တွေ့ရင် ဘယ်လိုလူက လူကောင်းသဖွယ် ရပ်တည်နိုင်မှာတဲ့လဲ... ။

သူက အဲ့လောက်တောင် ဒီလူ ကို စွဲလမ်းခဲ့တယ်ပေါ့.... ။ ဒီလူရဲ့ သေဆုံးခြင်းက ထည်ဝါလင်းရှိန်လို သန်မာတဲ့လူတစ်ယောက်ကို သတိလစ်မေ့မျောသွားတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တယ်ပေါ့.... ။

သူ ဆေးရုံကိုလည်း ခေါ်မသွားပေးခဲ့ဘူး ။ ဆရာဝန်လည်း ခေါ်မပေးခဲ့ဘူး ။ ခက်ထန်က ထည်ဝါလင်းရှိန် ကို ဒီတိုင်းလေးပဲ ထိုင်ကြည့်နေခဲ့တာ... ။

  ဖေဖော်ဝါရီ ၁၄ရက်.... 

မှတ်မှတ် ရရ လေးပါပဲ... ။ အဖြူရောင်ကြွက်ပေါက်ကလေးကိုခ်ါလာတဲ့နေ့....။

အးက်တေဲ့က်သေးသေးစ်က်ကို တကယ်ကို နွေးထွေးမှုတွေပးပ်ချင်ခဲ့တာ....

ယ်ဒီ လို့စ်ခါခေါ်ဖို့တောင် စကားစ်နေတတ်တဲ့ကွက်ပေါက်ကလေး.... ။

You are my husband (Season 1)Completed  Where stories live. Discover now