Chapter - 12 (Part 3)

667 130 2
                                    

Unicode

ငါ ​ကျောင်းကုန်းဇီရဲ့လက်ကို ဆုပ်ကိုင်ပြီး​တော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ဆေးရုံစင်္ကြံမှာ သူနဲ့အတူ နေ​ပေးလိုက်တယ်။ ငါတို့ဘေးကအခန်းမှာ သခင်ကြီး​ကျောင်းစီရဲ့ သားသမီး​တွေ, မြေး​တွေ, မြေးမတွေနဲ့ ပြည့်နှက်လို့နေတယ်။ သူတို့အားလုံးက ပျော်ရွှင်စွာရယ်မောရင်း ဆယ့်သုံး​ယောက်​မြောက်မဒမ်ကို ချီးကျူးဂုဏ်ပြု​​ပေး​နေကြကာ သူမရဲ့သမီးလေးက ချောမောလှပပြီး​တော့ ချစ်စရာကောင်းတယ်လို့ ဆိုကြတယ်။

အမှန်အတိုင်းပြောရရင် သူတို့ဟာ ဆူညံလွန်း​နေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ခံစားရတယ်။ ​ကျောင်းကုန်းဇီနဲ့အတူ ငါ သူတို့ကို ရှောင်ပစ်လိုက်မယ်။

ကျောင်းသားအနည်းငယ်က ငါတို့အနားကို ဖြတ်လျှောက်လာကြပေမယ့် သူတို့က ငါတို့ကိုတွေ့တော့ ရပ်ပြီး အစ်ကို(၃)ရဲ့ အခြေအနေကို မေးတယ်။ သူတို့က အကျင့်ပျက်ဗိုလ်ချုပ်​တွေနဲ့ အစိုးရကို ဖျက်သိမ်းဖို့အတွက် လမ်းမ​တွေပေါ်မှာ ထောက်ခံအားပေးစာ​​တွေ ​ဝေခဲ့တဲ့ အစ်ကို(၃)ရဲ့ သူငယ်ချင်း​တွေဖြစ်ပုံရတယ်။

အစ်ကို(၃)က မြို့တော်တက္ကသိုလ်ကို သွားတယ်လို့ ငါ သူတို့ကို ပြောပြလိုက်တယ်။ သူတို့​တွေက သွားချင်လွန်း​နေတာဖြစ်ပြီး အဲ့နေရာက အပြောင်းအလဲ​တွေနဲ့အတူ စိတ်အားထက်သန်မှု​တွေ ပေါင်းစည်းထားတဲ့ ​ခေတ်သစ်ရဲ့ စိတ်ကူးစိတ်သန်း​တွေကို တွန်းတင်​ပေးနိူင်တဲ့ အရည်အချင်းရှိသူ​တွေစုဝေးရာ တိုင်းပြည်ရဲ့ဗဟို​နေရာဖြစ်တယ်လို့ ဆိုကြတယ်။ သူတို့က သွားကြဖို့လည်း စီစဉ်နေကြတယ်။ အဲ့ဒီနေရာဟာ စိတ်အားထက်သန်မှု​တွေ, အမှီအခိုကင်းမှု​တွေနဲ့ လွတ်လပ်မှု​​တွေ လိုက်စားမှုအပြည့်ဖြစ်ပြီး ခေတ်သစ်လူငယ်တိုင်းက အဲ့နေရာကို သွားချင်​နေကြတယ်။

သူတို့​တွေ အဲ့ကိစ္စကို စိတ်အားထက်သန်စွာ ဆွေးနွေးရင်းနဲ့ ထွက်သွားကြတာကို ကြည့်ပြီးတော့ ရူးသွပ်တဲ့ အကြံတစ်ခုကို ငါ ရလိုက်တယ်။

ငါ ​​ကျောင်းကုန်းဇီကို ​မေးလိုက်တယ်, "မင်း အဲ့ကို ဖိတ်ကြားခံရဖူးလား?"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now