𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-5:𝙲𝚞𝚙𝚌𝚊𝚔𝚎

121 16 0
                                    

[ကိတ်မုန့်]

*Knock Knock*

-တံခါးသာခေါက်နေသည် ဘယ်သူဘယ်ဝါဆိုသည်ဟု မဖော်ပြ။ တံခါးကိုသာ အဆက်မပြတ်ခေါက်နေသည်။

"ဘယ်သူလဲခင်ဗျ၊ ခင်ဗျားအမည်ကို ပြောပြသင့်တယ်။ တံခါးအဆက်မပြတ်ခေါက်နေပြီး လာခြောက်နေတာလား။ ခင်ဗျားဘယ်သူဘယ်ဝါဆိုတာ မပြောမခးတော့ တံခါးဖွင့်ပေးဖို့ ကျွန်တော်က စိတ်ကူးမရှိဘူး။ ခင်ဗျား ဘယ်သူဆိုတာကိုပြော။"

-ထိုသူအား ‌အိမ်ထဲမှ အော်ကာပြောလိုက်တော့ သူ၏အသံ ခပ်ရှရှရင့်ရင့်နှင့် နက်‌နေသောအသံဖြင့် ပြန်ဖြေလာသည်။

"YoonGi..Min YoonGi...နာမည်ပြောလို့မှ မမှတ်မိသေးရင်..."

"ဪ..ခင်ဗျားကိုး"

-တံခါးအား အမြန်ဖွင့်ပေးလိုက်မိသည် Min YoonGi ဟူသည့်နာမည်ကို ကြားလိုက်သည်နှင့်ပေါ့။

"မသိဘူးလေဗျာ..ခင်ဗျားကအသံမပေးဘာမပေးနဲ့၊ တံခါးချည်းလိမ့်ခေါက်နေတာကိုး။ နေရတာလည်း တစ်ခါတစ်ခါ ခပ်ကြောက်ကြောက်နဲ့ရယ်။ ကျွန်တော်နေရတာကိုလေ။ တစ်ယောက်တည်းဆိုတော့။ ဪ..မေ့သွားတာ၊ အိမ်ထဲဝင်..ဝင်။ အပြင်မှာ အေးရောပေါ့။"

-ခင်ဗျားလက်ထဲမှ ဗန်းကိုလှမ်းကိုင်ကာ စကားပြန်ဆိုပြန်၏။ ခင်ဗျား၏ စိတ်အစုံတွင်တော့ ကျွန်တော်ဟာ စကားများသည့် ငှက်ပေါက်ရယ်ပေါ့။

"မနေ့က ဗန်းကိုလာပြန်ပေးတာလား။ အထဲကမုန့်တွေကရော ကျွန်တော့်အတွက်လား။ အင်း... ကောင်မလေးကို မုန့်သွားပေးမလို့မလား၊ ကျွန်တော့်ဗန်းကိုသုံးပြီးလေ။ ဒါပေမဲ့ ဗန်းငှါးထားတာဆိုတော့ တစ်ခုယူစားလို့ရသလား။ နေပါ..တော်ကြာ ခင်ဗျားအမျိုးသမီးစိတ်ကောက်၊ စိတ်ဆိုးနေမှ ဒုက္ခအစုံရောက်နေမယ်။ ကြားထဲကနေ မုန့်တစ်ခုနဲ့ အဆဲအဆိုမခံချင်ဘူးဗျို့။ ရော့..ခင်ဗျား မုန့်။ သွားပေးချေ။ ‌sh*t အေးလိုက်တာ၊ သေတော့မှာပဲ။"

-ယူထားမိသော ဗန်းအား ပြန်ကာပေးလိုက်သည်။ တံခါးရွက်ကိုလည်း ပြန်ကိုင်ထားလိုက်သည်။ ခင်ဗျားသာလှည့်ပြန်ရင် ပြန်ပိတ်လိုက်တော့မည့်အနေအထား။

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now