Chapter(76):ဦးလေးအကြီးဆုံး-2 ဦးလေးအကြီးဆုံး-2

4K 762 19
                                    

Zawgyi


အချိန်အတိအကျကို သူတို့တွေ သိထားကြပေမဲ့ သန်းခေါင်ယံအချိန်တွင် ရှုရန်က ရုတ်တရက် လျိုထုံကို သူ့ရဲ့လက်မောင်းတွေကြားထဲကို ဆွဲသွင်းလိုက်ပြီးတော့ သူ့ရဲ့နားအနားမှာ ပြောလိုက်တယ်။ "ပျော်ရွင်ဖွယ် နှစ်သစ်ကူးပါ။ ထုံထုံ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးအတွက် မင်းကိုချစ်တယ်။"

လျိုထုံက အချိန်ခဏလောက် ကြောင်အသွားပြီးနောက် တခစ်ခစ်ရယ်လိုက်ပြီးတော့ ပြန်ဖြေလိုက်တယ်။ "ရန် ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပါ။ ငါလည်း မင်းကိုချစ်တယ်။"

ထို့နောက် အိပ်ရာမဝင်ခင်မှာ သူတို့တွေ အချိန်ခဏလောက် ချစ်စိတ်ပြင်းပြစွာ နမ်းခဲ့ကြတယ်။

နောက်တစ်နေ့တွင် ဗောက်အိုးတွေရဲ့ ပေါက်ကွဲသံတွေကြောင့် သူတို့တွေ နှိုးလာခဲ့ကြတယ်။ ဒါပေမဲ့ ဒါကို ဘယ်သူလုပ်သလဲဆိုတာကိုတော့ သူတို့တွေ မသိကြပါဘူး။ ပြီးတော့ သူတို့တွေရဲ့ ကလေးနှစ်ယောက်ကလည်း နှိုးလာကြပြီးတော့ အိပ်ရာပေါ်ကနေ ပျော်ရွှင်စွာထလာကြတယ်။ လျိုထုံပြင်ဆင်ပေးထားတဲ့ အဝတ်အစားသစ်တွေကို ဝတ်ဆင်ပြီးနောက် သူတို့တွေက သူတို့မိဘတွေရဲ့အခန်းတံခါးကို ခေါက်ဖို့ ရောက်လာကြတယ်။

အိပ်ရာထဲမှာ အချိန်ခဏလောက်ပိုပြီး သာယာကြည်နူးဖို့ ဆန္ဒရှိနေကြတဲ့စုံတွဲက ရွေးချယ်စရာမရှိပဲ အိပ်ရာထဲကနေ ထကြရတော့တယ်။

တျန်းတျန်းနဲ့ ကော်ကော်တို့တတွေက ရှုရန်ကို မြင်လိုက်တာနဲ့ချက်ချင်း သူတို့တွေ စတင် သံပြိုင်ရွတ်ဆိုကြတော့တယ်။ "ဗောက်အိုးတွေရဲ့အသံက နှစ်ဟောင်းကို အဝေးကို နှင်လွှတ်လိုက်ကြပြီးတော့ လူတွေကလည်း နူးညံ့ပျော့ပျောင်းတဲ့ တူစုဝိုင်ကို သောက်နေကြရင်း နွေဦးရဲ့အငွေ့အသက်တွေကို ခံစားနေကြတယ်။ နေလုံးက မြင့်တက်လာပြီးတော့ ထောင်ပေါင်းများစွာသော အိမ်ထောင်စုတွေအပေါ်ကို နေရောင်ခြည်တွေ ဖြာကျနေတယ်။ အိမ်တိုင်းရဲ့တံခါးတွေအပေါ်က မက်မွန်သစ်သား အဆောင်တွေကလည်း အသစ်တွေနဲ့ အစားထိုးကြကုန်ပြီ။ အဖေ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပါ။ ကျွန်တော်တို့ကို စာအိတ်နီပေးတော့!"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now