Ep-50(Uni/Zg)

63.7K 4.3K 956
                                    

" အချစ်ရေ...ထတော့လေ "

" အစောကြီးရှိသေးတာလေ 6နာရီမှမထိုးသေးတာ "

" 9နာရီထိုးနေပီ အိပ်ပုတ်လေးရဲ့ "

" ဟင်!! 9နာရီ ? ကျတော် ဘာလို့ ဒီနေ့မှအိပ်ယာထနောက်ကျရတာလဲ "

" ဖြစ်နိုင်တာကတော့ ကိုယ်ညက နဲနဲကြမ်းမိသွားလို့ ပင်ပန်းပီးမထနိုင်တာနေမယ် အဟက် "

သူ့ပါးလေးကိုကိုင်ကာ ရိသဲ့သဲပြောနေတဲ့ဟန်နရီရဲ့လက်တွေကို ပုတ်ချကာ ရှက်သွားတဲ့ကလေးငယ်က စောင်ကိုခေါင်းအထိရောက်အောင်ခြုံလိုက်သည်...လွန်းရဲ့အပြုအမူကြောင့် ဟန်နရီသဘောကျစွာ ရယ်လိုက်ပီး လွန်းခြုံထားတဲ့စောင်လေးထဲ သူပါတိုး၀င်သွားလိုက်သည်

" ကိုယ့်ကလေးလေးက ရှက်နေတာလား "

" အာ ကျတော့်ကိုမထိနဲ့ "

" ဟောဗျာ စောစောစီးစီးဘာတွေကောက်သွားပြန်ပီတုန်း "

" ဖယ်လို့...အသက်ရှုကျပ်လာပီ "

"  အဲ့တာဆို Morning kissပေး "

" မပေးပါဘူး "

" မပေးရင် ကိုပေးမှာနော် ကိုပေးရင်သိတယ်နော်...ရိုးရိုးပေးမှာမဟုတ်ဘူး "

ဟန်နရီရဲ့အကြောင်းကို သိနေတာကြောင့် သူ့ကိုအတင်းနမ်းခိိုင်းနေတဲ့ကောင်လေးရဲ့နှုတ်ခမ်းကို ညင်သာစွာနမ်းရှုံ့ကာဟန်နရီရဲ့ပါးလေးနှဖက်ကိုပါတဆက်ထဲနမ်းလိုက်သည် လွန်းဘက်က အနမ်းပေးပီးတာနဲ့ ဟန်နရီ တဖက်ကိုကျောပေးပီး သူ့မျက်နှာလေးကို လက်နှဖက်နဲ့အုပ်ထားကာ ပါးစပ်ပြန်မစိနိုင်အောင်ပြုံးလိုက်သည်...တဖက်ကလေးကတော့ ဟန်နရီရဲ့အပြုအမူကို အံ့အောလျှက်ပင်...မဟုတ်မှလွဲရော သူရှက်သွားတာလား ဒီခန္ဓာကိုယ်ကြီးကလေ??

" အဲ့တာ ဘာဖြစ်သွားတာတုန်း "

" ကိုရှက်လို့ "

" ဘုရားရေ!! ခင်ဗျားကရှက်နေတယ်? "

" ချာတိတ်ကရုတ်တရက်ကြီး ပါးတွေပါနမ်းလိုက်တော့ နဲနဲရှက်သွားတာ "

" အခုမှလာရှက်နေတယ် ခင်ဗျားအရှက်မရှိတာတွေကျတော့ကော?ကျတော်ရှက်ဖို့လဲထားပါအုံး "

HANARY(S1+S2) Where stories live. Discover now