Part(31)

5.9K 463 24
                                    

Unicode

      "ကျစ်..."

     "ဘာဖြစ်ပြန်တာလဲ"

   ဟိုတယ်ထဲကို ခြေချရုံရှိသေး စုတ်တစ်ချက်ဖြင့် ရပ်တန့်လိုက်သည့် အနဂ္ဂကြောင့် မြေမခ မေးမြန်းလိုက်တာ ဖြစ်သည်။

     "အခန်းနံပါတ် မေးဖို့မေးခဲ့တာ"

     "မင်းဟာလေ...အရင်လို လင်အိုနဲ့ညားတော့မယ်"

     "မှန်တာပေါ့။မကြာခင် ခင်ဗျားနဲ့ ညားမှာပဲလေ"

  "ဘာ...ငါ့ကိုအိုတယ်လို့...အဲ...ဘာညားမှာလဲ"

   အနဂ္ဂပြုံး၍သာ ခေါင်းယမ်းမိသည်။တစ်ပြိုင်တည်း ဟိဏ်းကိုလည်း ဆက်သွယ်လိုက်သည်။အရေးထဲမှာ MPT ကို သီချင်းဝယ်ယူပြီး အလုပ်အကျွေးပြုနေသည်နှင့် တိုးနေသေး၏။

      "အေး...ကျွဲကြီးပြော"

      "တော်စမ်းကွာ အခန်းနံပါတ်ပြော"

      "အခုချေးယိုချင်မှ အခုချေးကတွင်းပေါက်ကို သတိရတယ်ပေါ့"

      "ဟန်နဟိဏ်း ငါ့မှာသာ ဗုံးတစ်လုံးပါရင် မင်းဟိုတယ်ကြီး အစအနတောင် မကျန်လောက်တော့ဘူးနော်"

     "ဟား...ဟား...စိတ်လျှော့ပါဟ၊အခန်းနံပါတ်က ပဥ္စမလွှာက (402),သော့က Contour မှာတောင်းသွား"

     "အိုခေ"

    "အေး...မင်းပဲသာယာ သိလား။ငါ့မှာတော့ ပေအိပ်နေတဲ့ နှစ်ကောင်ကို ခုထိနှိုးမရသေးဘူး"

    "မနိုင်ရင် သုခပါခေါ်လိုက်ကွာ....ဒါပဲ"   

   အနဂ္ဂဖုန်း အရင်ချလိုက်သည်။အမှန်ဆိုလျှင် အပြင်သို့ ခြေနှစ်လှမ်းလောက် ထွက်လိုက်တာနှင့် အော်ပြောလို့ ကြားနိုင်၏။ အလျင်လိုပါသည်ဆို ကိုယ်တော်ချောက ဇာတ်နာ​ပြနေပြန်ပါသည်။

     "အထုပ်တွေ ဒီကိုပေး"

     "ရ..."

   မြေမခမပေးလည်း လုယူသွားတာပင်။ ကောင်တာအနီးတဝိုက်ရှိ ဖြတ်သွားဖြတ်လာအားလုံးကတော့ အထုပ်ပေါင်းစုံဖြင့် အနဂ္ဂ၏ ပုံစံအား အထူးအဆန်းကြည့်နေကြသည်။သို့သော် သူ့ဆင်ရိုင်းတုံးကလည်း နည်းနည်းမျှ ဂရုမစိုက်ချေ။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now