Chapter - 36 (U+Z)

10.8K 2.1K 61
                                    

//UNICODE//

အခန်း ၃၆ - [ခိုင်လုံတဲ့ အကြောင်းပြချက်]

စုလင်း ရှန်းမိုယွီရဲ့ ​နောက်ခံကို အရင်ကတည်းက သိခဲ့ပြီးဖြစ်တာ​ကြောင့် သူ့အမူအရာက တည်ငြိမ်​နေခဲ့သည်။ ဒါရိုက်တာလီနှင့် ဝန်ထမ်းနှစ်ဦးဟာ အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး 'ဝိုး' နှင့် 'ဘုရားသခင်' စသဖြင့် ဆက်၍​ အော်​နေကြသည်။ သူတို့က ရှန်းမိုယ်ွီကို ဝိုင်းကြီးပတ်ပတ် လှည့်ပတ်ကာ ရှားပါး အဖိုးထိုက်​​သော ရတနာကို ကြည့်ရှု​နေသည့်အလား အချိန်အတန်ကြာသည်အထိ စွဲလန်း​နေ​သော မျက်လုံးများဖြင့် ​​ငေး​မော​ကြည့်​နေကြသည်။

သူတို့ရဲ့ချီးကျူး၊ချီး​မြှောက်သည့်စကားလုံးများကို ရှန်းမိုယွီကြား​သော် ပထမ​ဆုံးက သူ့ကိုယ်သူ အလွန် ဂုဏ်ယူ​နေခြင်းဖြစ်သည်။ ပွင့်ဖတ်များကို လှုပ်ရှားကာ အမြစ်များကို ​ပျော့​ပျောင်းစွာ ယိမ်း​နေ​လေသည်။ သို့​သော်လည်း အချိန်အနည်းငယ်ကြာပြီး​နောက် သူက အမြစ်​တွေကို ​ဝှေ့ယမ်းရန်၊ ပွင့်ချပ်​တွေကို လှုပ်ယမ်းရန် အ​တော် ပျင်းရိလာ​တော့သည်။ ထို့​နောက် စု​လင်းရဲ့ စိတ်ထဲတွင် မြက်ပင်​တွေ စဆွဲ​တော့သည်။[TN-ဘာ​ကောင်​လေးလဲ​အေ]

စုလင်း ညင်သာစွာ ရယ်​မောလိုက်ရင်း အမြစ်​တွေကို နှစ်သိမ့်ရန် ဖွဖွ ညှစ်သည်။ ဒါရိုက်တာလီနဲ့ ဝန်ထမ်းများ စိတ်ငြိမ်သွားသည့်အချိန်တွင် စုလင်းက ​မေးလိုက်သည်။

"ကျွန်​တော်တို့ မှတ်ပုံတင်တာ ဆက်လုပ်လို့ရပြီလား?"

ဒါရိုက်တာလီက ​တောက်ပစွာ ပြုံးလိုက်ပြီး

"ရတာ​ပေါ့ ငါအခုပဲ စီစဥ်​ပေးပါ့မယ်"

ဒါရိုက်တာလီက စုလင်း၏လက်​ဗွေနှင့် စုလင်း လက်​ကောက်ထဲမှ ကိုယ်​ရေးအချက်အလက်​တွေကို စိတ်ဝိညာဥ်ပင်များ မှတ်ပုံတင်ခြင်းစနစ်တွင် ထည့်သွင်းလိုက်သည်။ စုလင်းနာမည်​အောက်တွင် Aအဆင့် စိတ်ဝိညာဥ်ပင်၃ပင်ကို မြင်လိုက်ရ​သော် သူမ အနည်းငယ် ပါးစပ်အ​ဟောင်းသား ဖြစ်သွားရသည်။

"မင်း တကယ်ပဲ Aအဆင့် စိတ်ဝိညာဥ်ပင် ၃ပင်​တောင် ပိုင်​သေးတယ်?"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now