အခန်း (39.1)

3.8K 770 29
                                    

သတ်မှတ်မိုင်နှုန်းကျော်မတတ် အမြန်မောင်းလာတာကြောင့် ၁၀မိနစ်အတွင်းမှာပဲ company ကို ရောက်သွားခဲ့တယ်....လှေကားကနေ တက်လာရင်းနဲ့ ရုံးခန်းတံခါးဝကို​ကြည့်လိုက်တော့ အစောင့်တွေရှိနေသေးတဲ့အတွက် ဟိုမိန်းမ ရှိနေသေးမှန်း သိလိုက်ရတယ်....

သိပ်ကောင်းတယ်....Drama လေးမပြီးခင် ဝင်မွှေလိုက်ဉီးမယ်......

ရှဲ့ဟယ် ချက်ချင်းအမူအရာပြင်လိုက်ပြီး ရုံးခန်းရှေ့ကို ကမူးရူးထိုး ပြေးသွားလိုက်တယ်....

အခန်းပေါက်ဝမှာတင် အစောင့်တစ်ယောက်က သူ့ကို တားထားတယ်.....

"အခုချိန် ဝင်သွားလို့မဖြစ်ဘူး သခင်လေး"

ရှဲ့ဟယ်က လူကောင်းလေးပါ...အစောင့်တွေကို အခက်တွေ့အောင် မလုပ်တော့ဘဲ သူ့အဖေကို အော်တိုင်လိုက်တာပေါ့....

"Daddy!!! Daddy ကျွန်တော်ရောက်နေပြီ....Daddy လူတွေ​က ပေးမဝင်ကြဘူး!!!"

အ​စောင့်တွေရဲ့ မျက်နှာတွေ မည်းသည်းနေပြီ...သူတို့တွေ Boss ရဲ့ အမိန့်ကို နာခံရုံလေးပါ...ဟုတ်တယ်နော်....

တစ်မိနစ်ပြည့်အောင်တောင် မအော်ရသေးခင်မှာ လွီယန်က တံခါးလာဖွင့်ပေးပြီး သနားစရာအကြည့်တွေနဲ့ ကြည့်သွားတယ်....

"ဝင်ခဲ့ပါ..."

ရှဲ့ဟယ်ကတော့ အခြေနေတစ်ခုလုံးကို နကန်းတစ်လုံးမျှ မသိဟန်နဲ့ အစောင့်နှစ်ယောက်ကို မျက်ဆံလည်ပြလိုက်သေးတယ်...ပြီးတာနဲ့ ခေါင်းမော့ရင်ကော့ပြီး အခန်းထဲကို ဝင်လိုက်တယ်....

သတ်လတ်ပိုင်းအရွယ်အမျိုးသမီးက ရှဲ့ဟယ်အခန်းထဲ ဝင်လာကတည်းက စိတ်လှုပ်ရှားနေတဲ့ အကြည့်တွေနဲ့ ထူးဆန်းစွာ လိုက်ကြည့်နေတယ်...ရှဲ့ဟယ်ကလဲ ဒီလိုအကြည့်ခံရတာကို မကျေမချမ်းဖြစ်နေဟန်နဲ့.....

"ဘာကြည့်နေတာလဲ? ခင်ဗျားတစ်ခုခုဖြစ်နေတာလား???"

ပြီးတာနဲ့ တန့်ကျင်းဝမ်းဘက်ကိုလှည့်ပြီး အပြုံးတွေ ဖောဖောသီသီပေးလိုက်ပြီး...

"Daddy~~~"

ရှဲ့ဟယ်ရဲ့ ရုပ်ပြောင်းရုပ်လွဲSkill ကြောင့် အကုန်လုံးမှင်သက်နေကြတယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now