Chapter(343) - ကုပိုးသခင် ကျွော်ယဲ့

2.8K 644 12
                                    

Unicode

အခန်း(၃၄၃) - ကုပိုးသခင် ကျွော်ယဲ့

ယန်ထျန်းဟန်က လင်ရွှမ်းဇီနားကို လျှောက်လာသည်။

"ဘာကိုဆိုလိုတာလဲ အကိုကြီး?"

လင်ရွှမ်းဇီက ပြန်ဖြေသည်

"ရှစ်ယုန့်ထိုင်က ငါတို့ကို တိတ်တဆိတ် သတ်ဖြတ်ဖို့ ကြံစည်ရဲတယ် ဆိုမှတော့ ငါသူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်နိုင်ဘူးလေ"

"အကိုကြီးက သူ့ကိုသွားသတ်မလို့လား?" ယန်ထျန်းဟန်က မေးလိုက်သည်။

"အဲ့ဒီလူကိုသတ်ရမယ်" လင်ရွှမ်းဇီရဲ့ မျက်လုံးများက အနည်းငယ် နက်ရှိုင်းသွားသည်။

"သူကအခု စိတ်ပျက်အားငယ်သလို သရုပ်ဆောင်ပြီး ဒီအတွက် ငွေကြေးတွေ စိုက်ထုတ်ထားပြီဆိုတော့ အကယ်၍ ငါတို့ကို သတ်ဖို့ တစ်ခါကျရံှုးရင် ဒုတိယတစ်ခေါက်လည်း ထပ်ကြိုးစားလာမှာပဲ, အကယ်၍ သူသာဆက်ပြီး အသက်ရှင်နေမယ်ဆိုရင် တစ်လျှောက်လုံး ဒုက္ခတွေပဲ ရောက်လိမ့်မယ်"

ပထမဆုံး တိုက်ခိုက်နိုင်တဲ့သူက အသာစီးရနိုင်ပြီး နောက်မှတိုက်ခိုက်တဲ့သူကတော့ ဘေးဥပါဒ်ကို ခံစားရလိမ့်မည်။ ရှစ်ယုန့်ထိုင်က အရင်ဦးဆောင်ခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ သူရွေးချယ်လိုက်တဲ့သူတွေက လုံလောက်အောင် မကျွမ်းကျင်သေးပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့က သားကောင်ကို သတိပေးကာ ကိုယ့်ကိုကိုယ် ပြန်ပြီး အရူးဖြစ်သွားစေသည်။

ယန်ထျန်းဟန်သည်လည်း သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

"ကျွန်တော်တို့ အခုပဲ စလိုက်ကြရင်ရော?"

လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ လက်လေးအား လှမ်းဆုပ်ကိုင်လိုက်လေသည်။

"ငါတို့ ကိုယ့်ဘာသာကိုယ် လုပ်စရာ မလိုပါဘူး, ရှစ်ယုန့်ထိုင်ဆီမှာ တစ်ခြားအကာအကွယ် အစီအမံတွေ ရှိနိုင်တယ်, ငါတို့လွယ်လွယ် လုပ်လို့ရမှာ မဟုတ်ဘူး"

"အကိုကြီးဘာကို ဆိုလိုတာလဲ?"

"အလောင်းတွေကို သုံးလို့ရတယ်" လင်ရွှမ်းဇီက အနားတစ်ဝိုက်မှာ ပြုလုပ်ထားသည့် အလုံပိတ်အ တားအဆီးကို ဖြစ်ပေါ်စေသော မှော်ရတနာအား ဖယ်ရှားလိုက်သည်။ ထိုအခါ ခေါင်းလောင်းသံတစ်ခုက ညအမှောင်ထဲမှာ အထူးတလှယ် ကြည်လင်ပြတ်သားနေ၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now