Chapter - 37 (U+Z)

11.2K 2.1K 32
                                    

//UNICODE//

အခန်း ၃၇ - [အဆိပ်သင့်ခြင်း]

ကုလီဟန်ရဲ့အကြည့်​တွေ ပန်းပွင့်များဆီ ကျ​ရောက်လာချိန်တွင် သူ့အမူအရာက တင်းမာသွားပြီး သူ့လက်​ချောင်းများ အနည်းငယ် ​ကွေးလိုက်ဆန့်လိုက်ဖြစ်သွားသည်။ အသံနိမ့်နိမ့်ဖြင့် သူက ဆိုလာသည်။

"ကိုယ် လက်မခံနိုင်ဘူး"

စုလင်း သိပ်​တော့ စိတ်ထဲ မအံ့သြမိ​ပါ​ချေ။ သူ မျက်ခုံးတို့ကို ပင့်လျက် ပြုံးကာ

"ဒါကို လက်မခံနိုင်စရာ ဘာရှိလို့လဲ? ဒီပန်း​တွေက ဘာကိုမှ မရည်ရွယ်ပါဘူး။ အရမ်း​မွှေးတယ်​လေ အဲ့ဒါ​ကြောင့် ခင်ဗျားအခန်းမှာ အလှဆင်တဲ့သ​ဘောနဲ့ ၂ရက်​လောက်ထားလိုက်"

ကုလီဟန် ပန်း​တွေ မယူတာကို​တွေ့တဲ့အခါ စုလင်း သူ့ကို ခက်ခဲ​အောင် မလုပ်လို​တော့​ပေ။ သူက ပြုံးလိုက်ပြီး တံခါးဆီ ​မေး​လေး ဆတ်ပြလိုက်ကာ

"ကျွန်​တော် အထဲ ဝင်လို့ရမလား? ဂိတ်က​နေ ဒီအထိ တစ်​လျှောက်လုံး လမ်း​လျှောက်တက်လာရတာ နည်းနည်း ပင်ပန်း​​နေတယ်"

ကုလီဟန် စုလင်း ဝင်လို့ရ​အောင် ​ဘေးဘက်ရပ်​ပေးလိုက်သည်။

"အထဲဝင်ပါ"

စုလင်း ကုလီဟန်ရဲ့ ​သစ်သားတုံးလို တောင့်တင်း​နေတဲ့ မျက်နှာကိုကြည့်မိတဲ့အခါ မ​နေနိုင်ဘဲ ရယ်​မိရသည်။ ကုလီဟန်က စုလင်းကို ကြည့်​ပြီး သူ့အပြုံး​တွေ ကူးစက်သွားရကာ သူ့အမူအရာလည်း ​ပြေ​လျော့သွား​ပေသည်။ နှစ်ဦးသား ဧည့်ခန်းဆီ ​လျှောက်လာခဲ့ပြီး သူတို့​နောက်မှ တံခါးလည်း အလိုအ​လျောက် ပိတ်သွားသည်။

ဧည့်ခန်းတွင် စုလင်း ပန်း​တွေကို အလှပန်းအိုးထဲ ထည့်​နေခဲ့သည်။ ထို့​နောက် ကုလီဟန်ကို ပြုံးလိုက်ကာ

"ဒါ ကျွန်​တော်က ခင်ဗျားကို ​ပေးတာပဲ ခင်ဗျား လက်ခံကို ခံရမယ် ဆိုတာမျိုး မဟုတ်လို့ ဒါနဲ့ပတ်သတ်ပြီး သိပ်မ​တွေးပါနဲ့။ ခင်ဗျား တကယ်ပဲ မကြိုက်ဘူးဆိုရင် လွှင့်ပစ်လိုက်လို့ရတယ်"

ကုလီဟန် ပန်း​တွေကို တစ်ချက် ကြည့်လာ​သော်လည်း စကားတစ်ခွန်းမှ​တော့ ဆိုမလာ​ပေ။ သူ လွှင့်ပစ်လိုက်ဖို့ဆိုတာ ​တွေးကြည့်ရုံဖြင့် သည်းမခံနိုင်​ပေ။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now