Ep-41 🌑🌑

894 21 0
                                    





HSE Hotel 1

မြန်မာနိုင်ငံထဲမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးများထဲမှ rating အမြင့်ဆုံးရရှိထားတဲ့ ဟိုတယ်တစ်ခု။ အရင်က မာန်အဟုန်ဦးစီးခဲ့သော်လဲ ယခုအခါတွင်တော့ တုမနှိုင်းဆက်လက်ဦးစီးနေသည်။

ဟိုတယ်၀န်းထဲ ကား၀င်သည်ဆိုရုံဖြင့် ရှိရှိသမျှဟိုတယ်၀န်ထမ်းတွေအကုန်ဦးညွှတ်လာကာ အဆောက်အဦးရှေ့ ကားရပ်လိုက်တာနဲ့ လုံခြုံရေးတစ်ယောက်က အပြေးအလွှား ကားတံခါးဖွင့်ပေးလာသည်။

ကားတံခါးပွင့်တာနဲ့ စလစ်ပါဖိနပ်ပါးပါးလေးနဲ့အတူ ခြေဖမိုးဖြူဖြူလေး။ ထို့နောက် အဖြူရောင်ချိတ်၀မ်းဆက်လေးဆင်မြန်းကာ ဆံပင်အရှည်တို့ကိုခေါင်းစီးကြိုးအဖြူလေးနဲ့ ခပ်လျော့လျော့စီးထားတဲ့ပုံက ရိုးရှင်းလွန်းပေမယ့် ထိုမိန်းကလေးအသွင်နဲ့ အလွန်ကိုလိုက်ဖက်လွန်းသည်။

အကုန်လုံးခြုံကြည့်ရလျှင် ဖြူဖြူသေးသေးဂွမ်းစလေးနဲ့တူပေမယ့် အမှန်စင်စစ်တွင်တော့ လုပ်ငန်းစုတစ်ခုလုံးကိုထိန်းချုပ်နိုင်တဲ့အရည်အချင်းရှိလှတဲ့ CEO ဆိုတာ ယုံနိုင်ဖွယ်မရှိ။

အကောင်သေးပေမယ့်အဆိပ်ပြင်းလွန်းတဲ့ သတ္တဝါတွေထဲမှာ ထိုအမျိုးသမီးလဲပါသည်မို့ မြင်တာနဲ့ ဟိုတယ်တစ်ခုလုံး အပ်ကျသံမျှကြားရအောင်ထိ တိတ်ဆိတ်နေတာ ထူးတော့မထူးဆန်း။

"ကျွန်မစီစဉ်ခိုင်းတဲ့အတိုင်း သေချာစီစဉ်ထားရဲ့လား"

တိတ်ဆိတ်နေတဲ့ပတ်၀န်းကျင်ကို ဖြိုခွင်းလိုက်တာက တိုးလျညင်သာလွန်းတဲ့အသံလေးပါ။ အသံပိုင်ရှင်ကတော့ ထွေထူးပြီး စဉ်းစားစရာပင်မလို ၀န်ထမ်းအားလုံး ကြောက်ရွံ့ရိုသေရတဲ့သူတို့ရဲ့အထက်လူကြီး တုမနှိုင်းပင်တည်း။

နေ့လည်ကရုတ်တရက်ကြီးဖုန်းဆက်လာပြီး VIP ခန်းကို anniversary အတွက်ဆိုပြီးပြင်ဆင်ခိုင်းခြင်း။ ထို့ကြောင့် ယခုအခြေအနေက သူစိတ်တိုင်းကျမကျစစ်ဆေးပေလိမ့်မည်။ စိတ်ထဲအလိုမကျတာတစ်ခုခုနဲ့တိုးရင်တော့ သေချာပေါက် ဒီညနေကငရဲဖြစ်ပေလိမ့်မည်။

"အဆင်သင့်ပါပဲဗျ"

မန်နေဂျာတစ်ယောက်ကိုသာခေါ်ပြီး အပြင်အဆင်ကိုသွားစစ်ဆေးတော့မှာ ကျန်ခဲ့သူတွေအဖို့ အနည်းငယ်တော့စိတ်သက်သာရာရသွားပေမယ့် သူမအိမ်မပြန်မချင်းတော့ စိတ်လုံးလုံးလျော့ချမထားနိုင်ပါ။ တစ်ခါတစ်လေ ကိစ္စသေးသေးလေးကအစ မထင်ရင်မထင်သလို ထပြီးပေါက်ကွဲတတ်သည်မို့။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now