Real life 2

6.2K 562 50
                                    

နောက်တစ်နေ့ညီလာခံခန်းမထဲတွင် နတ်ဆိုး
တိုင်းပြည်က နတ်ဆိုအားလုံးတက်ရောက်
ရသည်။ ထယ်ယောင်က ဧကရီအကြောင်း
ကြေညာချိန်တွင်တော့ လက်ခံသူနည်းပါးပြီး
သားမတ်တော်ချင်သူတွေနဲ့ဖြုတ်ချချင်သူတွေ
ကကန့်ကွက်ကြတော့သည်။

" ဒါမဖြစ်သင့်ဘူးအရှင် သူကသာမန်ဝိဥာဉ်
အဆင့်ဘဲ နတ်ဆိုးမပြောနဲ့နတ်ဘုရားတစ်ပါး
တောင်မဟုတ်ဘူး"

" မင်းတို့မေ့နေတာလား ကောင်းကင်အရှင်က
မင်းတို့ပြောနေတဲ့လူရဲ့သွေးသားဆိုတာ "

"ဒါပေမယ့် သူမွေးထားတာမဟုတ်ဘူးလေ
အရှင်ကိုယ်တိုင် လူ့ခန္ဓာထဲဝင်ပြီး ယူထားတာ
မဟုတ်လား ပြီးတော့ ကောင်းကင်အရှင်က
အဲ့ဒီလူသားတွေရဲ့သွေးနဲ့ရောနေမှာပေါ့
အရှင့်သွေးသားမဖြစ်နိုင်ဘူး"

" မင်းတို့က ငါဘာဆိုတာမေ့နေတာလား
ငါအဲ့ဒီကမ္ဘာထဲမဝင်ခင် ထဲက အဲ့ဒီလူသားတွေ
ရဲ့သွေးသားတွေကို ငါတို့နှစ်ယောက်ရဲ့သွေး
သားတွေနဲ့လဲပစ်ပြီးသား အဲ့ကိုယ်ဝန်ကငါတို့
သွေးသားအစစ်ဘဲ"

"...."

ဂျီမင်းကတော့ ထယ်ယောင်ဘေးနားထိုင်ကာ
ငြင်းခုန်နေကြသည့်နတ်ဆိုးအိုကြီးတွေကိုသာ
ကြည့်နေသည်။

* hobi လေးရှိရင်သိပ်ကောင်းမှာဘဲ စကား
ပြောလို့ရတယ် ခုတော့ လင်ရတာနဲ့ငါ့စီတောင်မလာတော့ဘူး သားမတ်လေးက*

" ဒုန်း"

"အမလေး သောက်ပလုတ်တုတ် "

" လန့်သွားတာလား တောင်းပန်ပါတယ်နော်"

"ရတယ် ဆက်လုပ်"

" အဟမ်း...မင်းတို့က ငါဧကရီမြောက်တာကိုကျ
လက်မခံဘူး မင်းတို့သမီးတွေကိုမိဖုရားမြောက်
ဖို့ကျအရမ်းတက်ကြံယွနေကြတယ်ပေါ့"

" ဒါကဖြစ်သင့်တာကိုပြောတာ ပါအရှင်
ယောကျာ်းသားထက်မိန်းမသားကသာ သင့်
တော်တာပါ"

ဂျီမင်းလဲ သူ့ယောကျာ်းကိုမိန်းမပေးစားရန်
ကြံနေသည့်နတ်ဆိုးအိုကြီးအား...

" ခင်များသမီးက ကျုပ်လောက်လှလို့လား"

"...."

System Hobi (Completed)Where stories live. Discover now