အပိုင်း ၁၅၃ (ဧကရာဇ်ဟောင်း)

2.9K 368 8
                                    

[Zawgyi]

"အာ ငါစားတာပဲ ကြည့်နေကြတော့မှာလား မင်းတို့မစားရင် ငါတစ်ဝိုင်းလုံးကို စားပစ်လိုက်မှာနော်!"

ဧကရာဇ်ဟောင်းက ဆေးဘဲဥနဲ့တိုဟူး တစ်ပိုင်းကို ထပ်ယူကာ ပါးစပ်ထဲမှာ အရသာခံရင်းဆိုတယ်။

ဖန်းဇီကျန်းအတွက်တော့ ဧကရာဇ်ဟောင်းနဲ့ တစ်ဝိုင်းထဲမှာ ထိုင်ဖူးတာ ဒါပထမဆုံးပဲ။ သေချာတာ တစ်ခုကတော့ ဧကရာဇ်ဟောင်းက အရမ်းကို ဖော်ရွေတဲ့သူပဲ။ သမိုင်းထဲမှာ ဘယ်လို ဘုရင်ကများ သူ့ရဲ့ အရာရှိတွေထဲ တစ်ဝိုင်းတည်း ထိုင်တာရှိလို့လဲ... သူက အနည်းငယ် တုန်လှုပ်နေပေမယ့်လည်း စားကောင်းသောက်ဖွယ်တွေရဲ့ ဆွဲဆောင်မှုကြောင့် တောင့်မခံနိုင်တော့ဘဲ ဆေးဘဲဥတို့ဟူးတစ်ခုကို ယူစားလိုက်တယ်။

လက်ရာမြောက်ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ အရသာတစ်ခုက သူ့ပါးစပ်ထဲမှာ ဖူးပွင့်သွားတယ်။ အဲ့ဒီအရသာက သူ့ရဲ့ အရသာဖုထုံးတွေကို ဆွပေးနေလေတယ်။ သူ ရှောင်ချောင်းချက်တာတွေကို တစ်လကျော်လောက် စားလာခဲ့ပေမယ့် စားတဲ့အခေါက်တိုင်းမှာ တစ်မူထူးခြားတဲ့ အရသာနဲ့ ဖန်းဇီကျန်းကို အမြဲ အံ့အားသင့်စေတယ်။ ပါဝင်ပစ္စည်းတွေက အတူတူပဲဆိုရင်တောင် သူမက အရသာကို ကွဲပြားနေအောင် ချက်နိုင်တယ်။ ကျိန်ရှုံစားသောက်ဆိုင်ကလို ကျော်ကြားတဲ့ စားဖိုမှူးတောင် ရှောင်ချောင်းလို ချက်နိုင်ပါ့မလားဆိုတာကို သူ သံသယဖြစ်မိတဲ့အထိပဲ။

(ရှောင်ချောင်းက ရယ်ရင်း : အံ့ဖွယ်ကျောက်တုံးရေကို ကျေးဇူးတင်လိုက်ပါ ဟဟ!)

ဖန်းဇီကျန်းက ချက်ချင်းပဲ ဆေးဘဲဥရဲ့ လေးပင်ပြီး ချောမွေ့နေတဲ့ အရသာမှာ ပျော်ဝင်သွားမိတယ်။ ပါးစပ်ထဲက အရသာကို သေချာ စဉ်းစားနေတုန်း နောက်တစ်ခါ ထပ်စားချင်မိလာတာကြောင့် ပန်းကန်ထဲကို နှိုက်လိုက်တော့ပန်းကန်က ပြောင်သလင်းခါနေပြီ။ ဧကရာဇ်ဟောင်းရဲ့ အမူအရာကလည်း ထပ်စားချင်သေးတယ်ဆိုပြီး အာသီသဖြစ်နေတဲ့ အမူအရာမျိုးဖြစ်နေတယ်။

" သမီး, ဒီဆေးဘဲဥတိုဟူး အပိုင်းလေးက တကယ်ကို နည်းတယ် မဟုတ်ဘူးလား အဖေ တစ်ခုစားပြီး ပန်းကန်ထဲ ဘာမှကို မကျန်တော့ဘူး... အဖေ ထပ်စားချင်သေးတယ်... ဆေးဘဲဥ နှစ်ဆယ် သုံးဆယ်လောက် သမီး လုပ်ထားတယ်မလား ရှိသေးရင် အဖေတို့အတွက် နည်းနည်း လှီးခဲ့ပါဦး! ဒီနေ့ ပဉ္စမအရှင် ရောက်နေတာဆိုတော့အလေးမထားသလို မဖြစ်စေနဲ့!"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now