အခန်း ၁၅၆ (ပို့ဆောင်ခြင်း)

2.8K 380 4
                                    

[Zawgyi]


ကျောက်ဟန်က ယွီရှောင်ချောင်းဘက်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူမြို့တော်ကိုသွားရင် သူမနဲ့ဘယ်အချိန်မှ ပြန်တွေ့နိုင်မယ်ဆိုတာ မသေချာဘူး။ သူမရဲ့ သေးငယ်အားနည်းရာက တဖြည်းဖြည်း သန်မာလာတဲ့ပုံရိပ်လေးကို အမြဲတမ်း အမှတ်ရနေမှာတော့ သေချာတယ်။ ဒုက္ခဝေဒနာတွေ ခံစားနေရတဲ့အချိန်တွေမှာတောင် ထိုကောင်မလေးရဲ့မျက်နှာမှာ ချိုသာတဲ့အပြုံးလေး ပျက်မသွားဘဲ ဘေးနားကလူတွေဆီကို မျှော်လင့်ချက်တွေ ယူဆောင်လာပေးပြီး အမြဲတမ်း အံ့အားသင့်စရာတွေကို ဖန်တီးပေးတယ် အနာဂတ်မှာ သူမနဲ့ဆုံနိုင်ပါဦးမလား သူမသိဘူး!

သူတို့စားသောက်တာတွေ ပြီးစီးသွားတဲ့အခါ စစ်သူကြီးဟောင်း ကျောက်ဇီမော့က အရင်ပြန်နှင့်တယ်။ ကျောက်ပုဖန်းနဲ့ ယွီဟိုင်တို့က သေရည်ကို အရသာခံသောက်ရင်း လမင်းကြီးကို ငေးကြည့်နေကြတယ်။ သူတို့ရဲ့မျက်လုံးတွေက ရစ်မူးမှုကြောင့် ရီဝေနေပြီး သူတို့ချင်း ဗလုံးပထွေးနဲ့ စကားတွေ ပြောနေကြတယ်။ အမျိုးသမီးကျောက်က လျိုမုယွမ်ကို မိန်းမသားများကြားက လျှို့ဝှက်ကိစ္စတွေကို ဆွေးနွေးဖို့ အခန်းတစ်ခန်းထဲကို ဆွဲခေါ်သွားတယ်။

ကျောက်ဟန်က ယွီဟန်နဲ့စကားပြောပြီးတဲ့အခါ ရှောင်ချောင်းတစ်ယောက် ပန်းကန်ခွက်ယောက်တွေကို သိမ်းဆည်းရင်း အလုပ်များနေတာကို တွေ့ရတယ်။ နောက်ဆုံးမှာတော့ သူက မထိန်းချုပ်နိုင်ဘဲ စကားပြောဖို့ ခြေလှမ်းစလိုက်တယ်။

ရှောင်ချောင်း စကားခနပြောဖို့ အချိန်ရလား

ရှောင်လျန်က ကျောက်ဟန်မျက်လုံးထဲက ရှုပ်ထွေးနေတဲ့ အကြည့်တွေကို မြင်တဲ့အခါ ပြုံးရယ်လိုက်ပြီး ညီမလေး သွားလိုက်! ငါ့ဘာသာ ပြီးအောင်လုပ်လိုက်မယ်!

ယွီရှောင်ချောင်းက လက်ကိုပြောင်အောင်ဆေး၊ လက်သုတ်ပုဝါနဲ့ ခြောက်အောင်သုတ်ပြီးနောက် ကျောက်ဟန်ဆီကို လျှောက်သွားလိုက်တယ်။

မနက်ဖြန် ငါဒီကထွက်သွားရတော့မှာ ငါနဲ့အတူ လမ်းလျှောက်ပေးလို့ရမလား

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now