အပိုင်း ၁၅၉ (ခြိမ်းခြောက်ခြင်း)

2.9K 372 2
                                    

[Zawgyi]

သမားတော်စန်းက ပြုံးလျက် ပြောတယ်။
ပင်လယ်မျှော့တွေကို သန့်စင်ပြီး အခြောက်ခံလိုက်ရင် အလေးချိန် သိပ်မများတော့ဘူး၊ တုန်းရန်ဆေးတိုက်က မြို့တော်မှာရော စီရင်စုမြို့မှာရော တောင်ပိုင်းက မြို့တွေဆီမှာပါ အခွဲတွေရှိတယ်၊ ဒါကြောင့် ဒါတွေကို အများကြီးလိုအပ်တာ

ရှောင်လျန်က သူတူးရခဲ့တဲ့ ပင်လယ်မျှော့ ၅ကျင်း၆ကျင်းစာကို အလေးချိန် ချိန်တဲ့ ဝန်ထမ်းဆီ ကမ်းပေးပြီးနောက် ရှောင်ချောင်းရဲ့ ရေပုံးကိုပါ ရှေ့ကိုသယ်သွားတယ်။ ရှောင်ချောင်းက ရှောင်လျန်တစ်ယောက် အကုန်ရောင်းပစ်မှာ စိုးတာကြောင့် အမြန်လှမ်းတားလိုက်တယ်။
ရှောင်လျန်, နည်းနည်းချန်ထားအုံး နေ့လည်စာအတွက် ငါ ပင်လယ်မျှော့ဟင်း ချက်မလို့!

ဘာ ပင်လယ်မျှော့တွေကို ချက်စားလို့ရတယ် ဒီလောက် ရွံစရာကြီးတွေကို ဘယ်သူက စားရဲမှာလဲ
ငွေချေတာကို လက်ခံပြီးတဲ့ ကျိုးရှန်းဟူက အနားကိုရောက်လာပြီး ဖောင်းဖောင်းပျော့ပျော့ ပင်လယ်မျှော့တွေကို ရွံရှာစွာကြည့်ပြီး နှာခေါင်းရှုံ့ကာ နှုတ်ခမ်းတစူစူနဲ့ ပြောသည်။

ယွီရှောင်ချောင်းက သူမကို ပဟေဠိဆန်ဆန် ပြုံးပြပြီး တီးတိုးပြောလိုက်တယ်။
နင်စားမကြည့်သေးဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ စားကြည့်ပြီးမှ တသက်မမေ့နိုင် ဖြစ်သွားမယ်နော် ငါပြောမယ် ပင်လယ်မျှော့တွေက အရသာရှိရုံမကဘူး အာဟာရလည်းရှိတယ်၊ ပြည်ကြီးမျှော့နဲ့ ပင်လယ်ခရုတွေနဲ့ တန်းတူပဲ!

သမားတော်စန်းက စိတ်ဝင်တစား မေးလာတယ်။
အိုး ဒီပင်လယ်မျှော့တွေကို ဘယ်လိုချက်ရမယ်ဆိုတာ မင်းသိတယ်လား

အင်း အဲ့ဒါကို စွပ်ပြုတ်လုပ်လို့ရတယ်၊ ပေါင်းတာ နှပ်တာ ကြော်တာ၊ ပြီးတော့ အချဉ်နဲ့တို့ပြီး အစိမ်းလိုက်စားလည်း ရတယ်!
ထိုသို့ပြောရင်း ယွီရှောင်ချောင်းရဲ့ မျက်နှာမှာ ယုံကြည်မှုရှိတဲ့ အပြုံးတစ်ခုရှိနေတယ်။

ကျိုးရှန်းဟူရဲ့ မျက်နှာမှာ ပိုပြီးအော်ဂလီဆန်တဲ့ အမူအရာ ဖြစ်သွားတယ်။
အဲ့ဒါကို ဘယ်လိုအစိမ်းစားရမှာလဲ! ဘယ်သူကများ စားနိုင်မှာလဲ!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now