အပိုင်း ၁၆၁ (မနာလိုဖြစ်ခြင်း)

2.9K 363 0
                                    

[Zawgyi]

သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့ကို အထူးတဆန်းကြည့်ကာ ပြောလိုက်တယ်။
မွေးစားအဖေ...ရှယ်ယာတွေက အလကားပေးထားတာ မဟုတ်ဘူး! ကျွန်မက လျန်တစ်ရာနဲ့ ခရုဆီလုပ်နည်းကို ရင်းနှီးမြုပ်နှံထားတာမလို့ ၂၀ ရာခိုင်နှုန်း ဝေစုကတောင် တော်တော်လေး နည်းနေသေးတယ်လို့ပဲ ထင်မိတယ်! ဒါက ကျွန်မတို့ ရသင့်ရထိုက်တာပဲလေ ကျွန်မသာ မယူလိုက်ရင် ဒီ တတိယသခင်လေးကျိုးကပဲ အကျိုးအမြတ်တွေ ရသွားမှာပေါ့

ဖန်းဇီကျန်းက နောက်ဆုံးမှာတော့ အခြေအနေကို နားလည်မှုလွဲသွားတာဖြစ်ကြောင်း သိလိုက်တော့တယ်။ သူက သူ့ရဲ့အမှားကို ဖုံးကွယ်ဖို့ ရယ်လိုက်ရင်း
ဒါဆို ဒီရှယ်ယာတွေက ငါတို့ရသင့်တာတွေပေါ့ အာ! ငါ့သမီးလေးက အရမ်းကို စွမ်းဆောင်နိုင်တာပဲ မင်းက ဒီလို ငယ်ငယ်လေးနဲ့တောင် စီးပွားရေးမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေပြီပေါ့ အရမ်းတော်တယ် အရမ်းတော်တယ်! မင်းက သေချာပေါက် ငါ ဖန်းဇီကျန်းရဲ့ သမီးလေးဖြစ်ထိုက်တာပဲ!

ယွီရှောင်ချောင်းက အခုထိ ခရုဆီစက်ရုံတည်နေရာအကြောင်းနဲ့ ပတ်သတ်ပြီး ပူပန်မိနေတာကြောင့် သူမက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်
မွေးစားအဖေ ခရုဆီစက်ရုံအတွက် သမီးတို့ လုပ်နိုင်တာ တစ်ခုခုများ မရှိတော့ဘူးလား

ဒါက သူ့သမီးရဲ့ စီးပွားရေးဖြစ်တာမို့ ဖန်းဇီကျန်းက တမင်သက်သက် ပြဿနာရှာမနေတော့ဘူး။ သူက ခဏလောက် စဉ်းစားချင်ယောင်ဆောင်လိုက်ပြီး ပြောလိုက်တယ်။
အဖေ အခုလေးတင် အသေးစိတ်အချက်အလက်တွေကို ပြန်သတိရသွားပြီ အဖေ ပြန်သွားတဲ့ အခါကျရင် အလုပ်သမားကြီးကြပ်ရေးဌာနက လူတွေနဲ့ဆွေးနွေးကြည့်ပြီး မင်းရဲ့ စက်ရုံကို ထိန်းသိမ်းနိုင်အောင် အကောင်းဆုံး လုပ်ပေးမယ်၊ စိတ်မပူပါနဲ့ မွေးစားအဖေက မင်းကို ကူညီမှာပါ!

အဲ့ဒီတော့မှပဲ ယွီရှောင်ချောင်းက ပြုံးလိုက်ပြီး ပြောလိုက်တယ်။
ကျေးဇူးတင်ပါတယ် မွေးစားအဖေ! ဖြေရှင်းဖို့ ခက်ခဲနေရင် ဒီအတိုင်းထား လိုက်ပါ! သမီးတို့ရဲ့ စက်ရုံလေးကြောင့်နဲ့ သင်္ဘောဆိပ်တည်ဆောက်ရေးတစ်ခုလုံးကို မနှောင့်နှေးစေချင်ဘူး

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now