အပိုင်း ၁၆၂ - မနာလိုမှု

3.1K 406 9
                                    

[Zawgyi]
အပိုင်း ၁၆၂ - မနာလိုမှု

တုန်ရှန်းရွာမှာတော့ တတိယသခင်လေးကျိုးဟာ ယွီဟိုင်ကိုပဲ ထိုပစ္စည်းပစ္စယတွေ ဝယ်ယူတဲ့ နေရာမှာကူဖို့ အလုပ်အပ်ခဲ့တယ်။ ဒါပေါ့ သခင်လေးကျိုး ယွီဟိုင့်ကို အဖိုးအခမပေးဘဲ ဘယ်လုပ်ခိုင်းလိမ့်မလဲ။ ကျိန်ရှုံစားသောက်ဆိုင်က ရလာတဲ့အမြတ်ရဲ့ ဆယ်ရာခိုင်နှုန်းကို သူ့လစာအဖြစ် သတ်မှတ်ပေးခဲ့တယ်။ ဒီအနီးတစ်ဝိုက်မှာ တံငါရွာဆိုလို့ တုန်ရှန်ရွာတစ်ခုပဲ ရှိတာမဟုတ်ဘူးလေ။ ဒါကြောင့် ကျိန်ရှုံစားသောက်ဆိုင်က တခြားတံငါရွာတွေက ဝယ်ရပြုရမယ့် ကိစ္စတွေကို တာဝန်ခံဖို့ အလုပ်သမားတစ်ယောက်ကိုပါ တခါတည်း ရွေးချယ်ခဲ့တယ်။

ကမာကောင်လို ပင်လယ်မျှော့တို့လို ပင်လယ်စာတွေက ကမ်းရိုးတန်းဒေသတွေမှာ တွေ့ရများပေမယ့် စားတဲ့သူကရှားတော့ ဝယ်သူ သိပ်မရှိပေ။ သူ့ဟာနဲ့သူတော့ ရောင်းရပေမယ့် ဒါတွေကို ဈေးတင်ရောင်းဖို့တော့ မလွယ်ချေ။ သို့ပေမယ့် ကျိန်ရှုံစားသောက်ဆိုင်က ဒီပင်လယ်ထွက် အကောင်တွေကိုဝယ်ဖို့ ညှိတဲ့ဈေးနှုန်းတွေက ရှိရင်းပေါက်ဈေးထပ်တောင် များနေသေးတယ် : ကမာကောင်တစ်ကျင်းဆိုရင် ကြေးဒင်္ဂါးဆယ်ပြား၊ ပင်လယ်မျှော့တစ်ကျင်းဆိုရင် ကြေးဒင်္ဂါးနှစ်ဆယ်။
ဆေးခန်းမမှာ ယာယီအသုံးပြုဖို့အတွက်ပဲ ပင်လယ်မျှော့ကို ဈေးကြီးပေးဝယ်တာမျိုးရှိခဲ့တာ။ ဒါပေမယ့် ကျိန်ရှုံစားသောက်ဆိုင်ကတော့ ပင်လယ်မျှော့တွေကို ဒီဈေးနဲ့ တစ်နှစ်ပတ်လုံးဝယ်ယူမယ်တဲ့လေ။

အဲ့သတင်းလည်းကြားရော ယွီမိသားစုရဲ့အိမ်ကို လူတွေအတန်းလိုက်ရောက်လာပြီး ကမာကောင်နဲ့ ပင်လယ်မျှော့ အရောင်းအဝယ်အတွက် ငွေချေမယ့်ကိစ္စတွေကို လာရောက်ဆွေးနွေးကြတယ်။ ယွီဟိုင်ဆီက လုံလောက်တဲ့အချက်အလက်လည်းရရော ကြီးသည်ငယ်သည်မရွေး တုန်ရှန်းရွာက လူတွေအကုန် ထိုကမာကောင်နဲ့ ပင်လယ်မျှော့ကို စတူးကြတော့တယ်။

ပင်လယ်ဟာ ရွာသားတွေအတွက် ကောင်းကြီးတစ်ခုလိုဖြစ်နေတာပေါ့။ ဒီရေကျချိန်ဆို လူတွေ ပင်လယ်ထဲစုလာပြီး ဒီရေတက်တော့မယ်ဆိုရင်တော့ ပြန်သွားကြတယ်။ ညဘက် ဒီရေကျရင်တောင် လူတွေက မီးအိမ်ကိုယ်စီနဲ့ တစ်ညလုံး ကြိုးစားပြီး တူးကြရှာကြတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now