အပိုင်း ၅၃

2.6K 92 0
                                    

(unicode)

အခန်းတွင်း၌ အသက်ရူသံတိုးတိုးလေးမှလွဲ၍ အကုန်တိတ်ဆိတ်နေပေသည်။ ဒေါင်းမာန်သည်လည်း ဆေးရှိန်ဖြင့်မွေ့ယာထက်အိပ်ပျော်နေသူကို ငေးကြည့်လျက် ပူပင်သောကများနေရ၏။

ဦးမင်းထွဋ်ခေါင်သည်လည်း မနက်ခင်း အိမ်ပြန် လာပြီးချင်းမှစ ခုထိ မအိပ်ရသေး။ တစ်အိမ်လုံး ၏အချစ်တော်လေး စွယ်သော်လင်းတစ်ယောက်ရုတ်တရက်သတိလစ်သွား၍ ဒေါင်းမာန်သည်လည်း မျက်ရည်လေးဝဲဝဲဖြင့် ရှိနေလေသည်။

" အချစ်ကြောင့် သန်သန်မာမာယောက်ျားကြီးသည်ပင် မျက်ရည်ကျရပေတယ်လော "

သားဖြစ်သူကိုကြည့်၍ ဦးမင်းထွဋ်ခေါင်တွေးမိ သည်။ ထို့ကြောင့် အပျော်ရှာရုံသက်သက်သည်သာ အကောင်းဆုံးဟု ပိုခံစားမိသည်။

" ဒေါက်တာ ကလေးငယ်ဘာဖြစ်သွားတာလဲ "

စမ်းသပ်ပြီးစီးချိန်တွင် ဆရာဝန်အား အမေး
စကားစလိုက်သည်။

" ကလေးရှိနေချိန် မဆက်ဆံမိဖို့ သတိထားရမယ် မောင်ရင် "

" ကလေးငယ် အခြေနေစိုးရိမ်ရလား။ ဆေးရုံတွေဘာတွေရော တတ်ဖို့လို့လား "

" ကလေးရောမိခင်ပါ အဆင်ပြေပါတယ် "

" ဘယ်လို့ ! ကလေးငယ်က ယောက်ျားလေးပါဗျ "

" congratulations ပါကွယ်။ ဒေါက်တာဘဝမှာ လည်း ယောကျ်ားလေးကိုယ်ဝန်ဆောင်ကို ကုသခွင့်ရခဲ့တာက ဝမ်းသာစရာပါပဲ "

" မဟုတ် မဟုတ်ဘူးလေ၊ ကိုယ်ဝန်ဆောင်ဟုတ် လား၊ မဖြစ်နိုင်တာ၊ ကျွန်တော်ကလေးငယ်ကယောက်ျားလေးလေ၊ လုံးဝ မယုံကြည်နိုင်သေး
ဘူး၊ ယုံကြည်နိုင်စရာလည်း မရှိဘူးမလား "

" ဟုတ်ပါတယ်၊ ကိုယ်ဝန် ၁၄ ပတ်ရှိပါပြီး။ ကြို
သိမထားဘူးလား၊ ဒါနဲ့ကလေးငယ်ဆိုတာ "

" ကျွန်တော်ကောင်လေးကို ခေါ်တဲ့ မဟုတ်ဘူး ကျွန်တော်ခင်ပွန်းလေးကိုခေါ်တဲ့ နာမ်စားပါ၊ ဒါနဲ့ အန္တရယ်ရှိနိုင်တယ်တယ်မလား "

မိမိ၏သွေးသားသည် ကလေးငယ်ကိုယ်ထဲ​ဖြစ်တည်နေသည်ကိုသိရ၍ ကြည်နူးဝမ်းသာစိတ်ဖြစ်ရ၏။ မထင်ထားသော အခြေနေကိုကြားလိုက်ရ၍ အံ့သြမှုသည်လည်း အတိုင်းဆမရှိဖြစ်မိ သည်။ သို့သော် ကလေးငယ်အတွက် အန္တရယ်
ရှိသည်ဟူသော အသိဝင်တို့ ထပ်မံဝင်လာ၍ ဆရာဝန်ထံမေးလိုက်လျှင် အဖြေက

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now