Chapter 76

25K 4.1K 623
                                    

Unicode

ဘာလဲ မင်းက ကျန်းမော့ချန်ရဲ့ အငယ်အနှောင်းဖြစ်ချင်လို့လား
________________________________

ယွမ်မင်ရွှိက ယန်းချင်းချီဆီ ည၁၀နာရီကျော်လောက်မှ ရောက်လာခဲ့သည်။ ထိုအချိန်က ဝေ့လန် ယန်းချင်းချီအခန်းထဲကနေ ထွက်သွားခါစပဲရှိသေးသည်။ ဝေ့လန်တစ်ယောက် သူများအခန်းထဲကနေ ကိုယ့်အခန်းကိုမပြန်ခင်အထိ ယွမ်မင်ရွှိရောက်လာခဲ့လျှင် သူ့အားလှမ်းခေါ်ဖို့နှင့် ဒါမှမဟုတ် ဒီမှာပဲ ညအိပ်ပြီးစောင့်လိုက်ရမလားဟု အသေအကြေဗျာများနေရှာသည်။ သူ ဒီမှာရှိနေလျှင် ယွမ်မင်ရွှိဘာမှလုပ်ရဲမှာမဟုတ်ဘူးဆိုသည့် ဆင်ခြေလေးတွေတောင် ရှာထားသေးသည်။

ယန်းချင်းချီ တဖက်လူ၏ဇွဲရှိမှုကြီးကို ကြည့်ပြီး တော်တော်လေး လေးစားမိသွားတာကြောင့် မြန်မြန်ဆန်ဆန်ပဲငြင်းပစ်လိုက်သည်။

''မရဘူး ကိုယ့်အခန်းကိုပြန်တော့ ငါလည်းအိပ်တော့မှာ ''

''ငါ့ကိုနေခိုင်းဖို့ တခေါက်လောက်တောင်ပြန်ပြီး မစဥ်းစားတော့ဘူးလား ''

''အိမ်ထောင်ရှိယောကျ်ားတစ်ယောက်နဲ့ လူပျိုလူလွတ်တစ်ယောက်က ညအိပ်ညနေ အတူနေဖို့ မသင့်တော်ဘူး ''

''အပိုတွေ မနေ့ညကကျ ချန်ရွှမ်းလန်နဲ့ တစ်ခန်းထဲအတူတူအိပ်ပြီးတော့များ ''

''တူမလား ချန်ရွှမ်းလန်က ငါလက်ထပ်ထားတယ်ဆိုတာမသိဘူးလေ မင်းကရော မသိလို့လား ''

''မင်းတကယ်ကြီး တစ်ခေါက်လောက်ပြန်ပြီး မစဥ်းစားတော့ဘူးလား ငါကအရမ်းအသုံးဝင်တာနော် ''

''ဒါဆိုလည်း ကျန်းမော့ချန်ကို သဘောတူ မတူမေးကြည့်ဖို့ ဖုန်းခေါ်လိုက် သူ သဘောတူတယ်ပြောတာနဲ့ ငါအခုချက်ချင်းအိပ်ယာပြင်ပေးမယ် ''

ဝေ့လန် ချက်ချင်းနှုတ်ခမ်းဆူသွားသည်။

''သူ့ကို? သူသာသိသွားရင် ငါ့အစ်ကိုကိုပြေးတိုင်နေဦးမယ် ဟုတ်ပြီလား အထာကိုက မူကြိုကျောင်းသားလိုလိုဘာလိုလိုနဲ့ အား,အားနေ ငါ့အစ်ကိုကိုပဲပြေးတိုင်ဖို့သိတယ် ဟွန့်! ''

မင်းကသူများကိုများ မူကြိုကျောင်းသားလို့ပြောရဲသေးတယ်? မင်းကရောဘာထူးလို့လဲ မင်းကမှ မူကြိုကျောင်းသားနဲ့ပိုတူနေသေးတယ် ___ ဤသည်မှာ ယန်းချင်းချီစိတ်ထဲကနေ တိတ်တိတ်လေး ဝေဖန်အပြစ်တင်နေခြင်းဖြစ်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now