chapter 11

3K 699 9
                                    

Uni

Nan HuaiLin နိုးလာတော့ ဆေးရုံက ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့လက်ဖမိုးပေါ်မှာ ဆေးထိုးအပ်တစ်ခုနှင့်အတူ ဆေးရည်တွေထိုးသွင်းခံနေရတာကို သတိထားမိတယ်။

သူထထိုင်လိုက်ကာ ဖုန်းထားတဲ့နေရာကို လက်လှမ်းလိုက်တယ်။ ဒါပေမယ့် အိတ်ကပ်တွေကို ဟိုစမ်းဒီစမ်းရှာကြည့်ပေမယ့် ဘာမှမတွေ့ဘူး။

အဲ့ဒီအချိန်မှာ Fei Chengက လမ်းလျှောက်ပြီး ဝင်လာတယ်။

"မင်းနိုးပြီလား?" သူရဲ့ လက်ထဲမှာရှိတဲ့ ဖုန်းကို ကမ်းပေးလာတယ်။ "မင်းဆီကို ဖုန်းခေါ်တဲ့လူရှိတယ်"

Nan HuaiLinဖုန်းကို လှမ်းယူကာ သူ့ကို ခိုးကြည့်လိုက်ပြီး မြန်မြန်ပဲ ဖုန်းဆီအကြည့်ပြန်ပို့ကာ စကားပြောလိုက်တော့ သူ့ရဲ့အသံကအက်ကွဲနေတယ်။

"ကျတော်ကို ဆေးရုံခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်။ အခု ခင်ဗျားပြန်လို့ရပါပြီ"

အဲ့လိုပြောလိုက်ပေမယ့် Fei Chengက ဆက်ထိုင်နေတယ်။

"ကိုယ့်မှာ ဘာလုပ်စရာမှ မရှိဘူး။ အဲ့တော့ မင်းနဲ့ အချိန်ခနလောက် အတူနေပေးမယ်"

Nan HuaiLin ငြင်းလိုက်တယ်။ "မဟုတ်ပါဘူး။ ခင်ဗျား သွားလို့ရပါတယ်"

Fei Chengက သူ့ကို စိုက်ကြည့်လာပြီး "မင်း ကိုယ့်ကို မကြိုက်ဘူးလို့ ကိုယ်ဘာလို့ခံစားမိနေတာလဲ?"

"ခင်ဗျား အတွေးလွန်နေပါပြီ။ ကျတော်က ခင်ဗျားကိုတောင် သေချာသိတာမှ မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ကျတော်က ခင်ဗျားကို မကြိုက်ရမှာလဲ? ကျတော်က ခင်ဗျားကို အနှောင့်အယှက်မပေးချင်ရုံပါ"

Fei Cheng သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို ပင့်တင်လိုက်မိပြီး "ကိုယ့်နာမည်က Fei Cheng။ အဲ့ဒီစကားလုံးက ' မြို့ ' ကို ဆိုလိုတာ။ မင်း ကိုယ့်ရဲ့နာမည်ကို သိသွားပြီဆိုရင် ကိုယ်တို့တစ်ယောက်ကိုတစ်ယောက်သိသွားပြီ"

ဒါဆို Fei Zhengရဲ့ ညီက Fei Chengလို့ ခေါ်တာပေါ့။

Nan HuaiLin သူ့ကို ထပ်ပြီး ကြည့်လိုက်တယ်။

အဲ့ဒီနေ့က သူ့ရဲ့မျက်နှာတစ်ဝက်ကို နေကာမျက်မှန်နောက်မှာ တစ်နေကုန်မချွတ်ဘဲ ကွယ်ထားခဲ့တာဆိုတော့ သူ့ရဲ့ပုံစံက ဘယ်လိုရှိမလဲဆိုတာကို Nan HuaiLin အလွယ်တကူ မသိခဲ့ဘူး။ ဒါကြောင့် သူ့မျက်နှာကို သေသေချာချာ မြင်ခွင့်ရတာ ဒီနေ့က ပထမဆုံးနေ့ပဲ။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now