11.1(U)(စျာပန)

2.2K 307 8
                                    


"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက်
မဖြစ်ပေးနိုင်တော့ဘူး (11)"

အတိုချုံးပြောရရင် ရှန်းယိုလင်ရဲ့ မင်္ဂလာပွဲ
အပြီးမှာပဲ ချန်လီကောဟာ စိတ်မရှည်ဖြစ်
နေပြီး အရှက်မရှိသည့် ရီဟွိုင်နှင့်
အချိန်အတော်ကြာ အိပ်ရာပေါ်
လှိမ့်လိုက်ရတော့သည်။

ချန်လီကောက အချစ်ပင်လယ်ကြီးထဲမှာ
သာယာစွာ နစ်မြောနေခဲ့သည်။ ဒီနေခဲ့ရသည့်
၁၀နှစ်က နေပျော်သည်ဟုပင် ထင်ခဲ့သည်။
systemကတော့ သေခြင်းနှင့်ရှင်ခြင်း
အကြောင်းတရားများကို တရားကျကျ
ခွဲခြားစိတ်ဖြာနိုင်ပြီး ဘုန်းကြီးတစ်ပါး
ဖြစ်လာခဲ့သည်။

ချန်လီကောကတော့ မျက်ရည်ပေါင်းများစွာ
ကျလျက် အချစ်ရဲ့ အရသာအလုံးစုံကို
ခံစားရင်း ရာသီအလီလီပြောင်းခဲ့ပေသည်။

"လေလေးက ဒီနေ့လည်း ငါ့ကို မနာလိုဖြစ်နေပြန်ပြီကွာ"

ချန်လီကောက လသာဆောင်မှာ
ထိုင်ရင်း ပြောလာသည်။

System:"......."

ရီဟွိုင်က လသာဆောင်မှာ ချန်လီကော
ထိုင်နေတာ မြင်တော့ သူ့ဆီလှမ်းလာခဲ့သည်။

မတ်လလယ်ရောက်နေပြီဖြစ်ပြီး
နွေဦးရာသီဟာလည်း တဖြည်းဖြည်း
ပျောက်ကွယ်လာပြီး အရာအားလုံးဟာ
နွေရာသီ အငွေ့အသက် ခံစားရတော့မည်ဖြစ်သည်။

ချန်လီကောက ထန်ဝတ်စုံကို ဝတ်ထားပြီး
သူ့မျက်လုံးများကိုလည်း မှိတ်ထားပြီး
ဆံပင်လေးများကလည်း လေတိုက်တိုင်း
လွင့်နေသည်မှာ ပန်းချီကားလှလှလေးအား
ပုံဖော်နေသည့်အလား................

ရီဟွိုင်ရဲ့မျက်လုံးတွေက ကြည်နူးမှုကြောင့်
အရောင်တွေ တောက်လာပြီး....

"သခင်"ဟု

နူးနူးညံ့ညံ့ ခေါ်လာသည်။

ချန်လီကောကတော့ တစ်ချက်မှ မလှုပ်ဘဲ
တိတ်ဆိတ်မှုသာ တုန့်ပြန်လာသည်။

"ယိုလင်က သတင်းကောင်း သယ်လာတယ်
သိလား.....သူကိုယ်ဝန်ရှိနေပြီတဲ့"

ချန်လီကောက သူ့စကားကိုကြားတော့
အေးစက်တဲ့ မျက်နှာပေါ်မှာ မဖုံးနိုင်မဖိနိုင်
ပျော်ရွှင်ရိပ် ထင်ပြီး မေး လာခဲ့သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now