part 33

15.6K 1.1K 213
                                    

ချစ်တယ်က်န်... ကိုကိုင်းကို သိပ်ချစ်ယ်....

ခက်ထန် စကားတစ်ခွန်းမျှ မဆိုနိုင်ခဲ့ပေ... ။

မင်းရဲ့ ကိုယ်ပွားလေး တဲ့.... ။

ဒီလူက ယောက်ျားတစ်ယောက် ဆိုတာ သူ့ကိုယ်သူပဲ မေ့နေသလား.... ။

ယောက်ျားတစ်ယောက်... သူ့ကို ချစ်ကြောင်း ၀န်ခံလာတဲ့ ယောက်ျားတစ်ယောက်... ။ ဒီစကားကိုရော ယုံကြည်ပေးလိုက်သင့်လား ။ တစ်ခါလောက်ဖြစ်ဖြစ် ယုံပေးလိုက်သင့်လား... ။

သူ့ကို ချစ်တယ်လို့ ပြောလာတဲ့အခါ သူ ဒီလူကို ဘာစကား ပြန်ပြောရမလဲ မသိခဲ့ဘူး ။ အရင်လို စကားကြမ်းကြမ်းတွေ ပြောလိုက်ဖို့ ပြင်လိုက်ပေမဲ့ မျက်လုံးရှည်တို့်ထဲက မျက်ရည်စတွေကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ နှလုံးသားတစ်စုံ ဆွဲညှစ်ခံလိုက်ရသလို....သူ့ပါးစပ်ကို ဆွဲချုပ်ပိတ်ခံထားရသလို... ။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည် လောင်မြိုက်နေရသည်ဟု ခံစားမိသလို တောင့်တင်းမှုကိုလည်း ခံစားလာရသည်... ။

ဒီနေရာကနေ အဝေးကို ပြေးထွက်သွားလိုက်ချင်သော်လည်း သူ့ခြေထောက်တွေက သူ့ဆန္ဒကို ငြင်းပယ်လိုက်ပြန်၏... ။

ဒီလူက ထွက်သွားဖို့ အကြောင်းပါ ထပ်ဟ,လာပြန်သည့်အခါ အမုန်းတရားအပြည့်ဖြင့် အားအင်တို့သည် ရုတ်ချည်းပင် ပြိုလဲပျက်စီးသွားရသလို သူ့ရှေ့မှ လူကို တင်းကြပ်စွာ ဆွဲဖက်ထားလိုက်မိ၏ ။ မျက်ဝန်းထဲမှ စီးကျလာသော မျက်ရည်တို့သည် ထည်ဝါလင်းရှိန်၏ ပခုံးသားများကို ရွှဲရွှဲစိုသွားတော့သည် ။

ထွက်မသွားပါနဲ့ လို့ လည်း မပြောနိုင်သလို မျက်စိရှေ့မှ ပျောက်ကွယ်သွားမည်ကိုလည်း သူ သိပ်ကြောက်သည် ။

အမုန်းတရား နဲ့ ဆန္ဒမီး တို့ရဲ့ ကြားမှာ
မီးနဲ့ အမြှိုက်ခံထားရတဲ့ သတ္တ၀ါ တစ်ကောင်လိုပဲ..... ။

သူတို့ ရန်ကုန်သို့ အမြန်ဆုံး ပြန်ကာ ထိပ်တန်းဆေးရုံကြီးများ စုံသည်အထိ စစ်ဆေးခဲ့ကြသည် ။ ထည်ဝါလင်းရှိန်သည် သူ့ရင်သွေး၏ ဖြစ်တည်မှုကို ယုံကြည်လက်ခံပေးသော်လည်း ခက်ထန် ဆန္ဒအတိုင်း နေရာတိုင်း၌ အစစ်ဆေးခံခဲ့၏ ။

You are my husband (Season 1)Completed  Where stories live. Discover now