Part 4 ( Uni+Zawgyi)

10.8K 520 8
                                    

Uni

"သားသား​ရေ ဒီ​​နေ့  ကုမ္ပဏီနှစ်ပါတ်လည် ပွဲအတွက်ဝတ်စုံ သွားအပ်ရ​အောင် "

"ဟုတ်မာမီ"

breakfast စားရင်း​ပြော​နေ​သောမာမီ့ စကား​​ကြောင့် မ​နေ့ည က ရှက်ပြီး အပြန်​လမ်းမှာ စကားတစ်လုံးမှမ​ပြောတဲ့​​ကောင်​လေး ကိုသတိရမိသွားသည် ။ အိမ်​ရှေ့ရောက်​တော့လည်းကား​ပေါ်က အတင်းဆင်း​ပြေးသွား​တဲ့ကိုကို ။ အ​ရှက်အ​ကြောက်ကြီးလွန်းတဲ့ လူကြီး​လေးကြောင်း​တွေးပြီး ပြုံးမိ​လေသည်။

"မာမီ ပြီးရင် သားကို​ခေါ်လိုက် စာဖတ်ခန်းထဲမှာရှိမယ်"

"​အေး သားသား"

​ရွှေစံအိမ်​တော် သည် ​ရန်ကုန်မြို့ ရှိပြီး  လူကုံတံ များသာ​နေထိုင်​သော စိတ်ငြိမ်ရပ်ကွက်ထဲတွင် ရှိသည် ။ ကျယ်ဝန်း​သောခြံအကျယ်ကြီးထဲတွင် သုံးထပ် အဖြူ​ရောင်စံအိမ်ကြီးက ထည်ဝါ ​တောက်ပ​နေ၏။

အိမ် ၏လက်ဝဲဘက် တွင် ​ရေကူးကန် အကျယ်တခု နဲ့ နှင်းဆီခင်း၊ စံပယ်ခင်းများရှိပြီး၊ လက်ယာဘက်တွင် ကားဆယ်စီး ခန့်ဆန့်​သော ကားဂို​​ဒေါင် ရှိသည်။ စံအိမ်အ​နောက်ဘက်တွင်  ကြီးသူအပါဝင် အလုပ်သမားများ​နေထိုင်​သော တစ်ထပ်တိုက်အပု​လေးတစ်လုံးရှိသည်။

စံအိမ် ​အောက်ဆုံးထပ်တွင် ဧည့်ခန်း အကျယ် ကြီးတစ်ခန်း၊ ​ဒယ်ဒီနဲ့မာမီ အိပ်ခန်း ၊ ဒယ်ဒီ့စာကြည့်ခန်း ၊ထမင်းစားခန်းနှင့် မီးဖိုခန်း အကျယ်ကြီးတခန်း ပါဝင်သည်။  ပထမအထပ်တွင် ဘုရားခန်း ၊ meeting room ၊ GYM ခန်း နဲ့
ဧည့်သည် အိပ်ခန်း ၂ခန်းပါဝင်၏။

အ​ပေါ်ဆုံးထပ် တစ်ထပ်လုံးသည် ​ရွှေဘုန်း အတွက်ဖြစ်သည် ။ အိပ်ခန်း ၊ စာဖတ်ခန်း၊ အဝတ် အစားများ​ထားသော အခန်း ပါဝင်၏။ အခန်းတိုင်းတွင် အသံလုံစနစ်တပ်ဆင်ထား​သော​ကြောင့် တစ်အိမ်လုံး intercom ဖြင့်သာ ​​ပြောသည်။

" သားသား​ရေ မာမီ ပြီးပြီ"

"လာပြီ မာမီ"

~~~~~~~~~~~~~~

​ခေတ်fashion house ​ရှေ့တွင် car parking ထိုးပြီး မာမီ နဲ့ဆိုင်ထဲဝင်ခဲ့သည်။

Forever Together  (Completed)Where stories live. Discover now