အပိုင်း (၈၇၈) - အရည်အချင်းနှစ်မျိုး ဝိညာဉ်သခင်

1.8K 240 0
                                    

Zawgyi

အပိုင်း (၈၇၈) – အရည်အချင်းနှစ်မျိုး ဝိဥာဉ်သခင်

မီးလုံးသည် ဟွာပေါင်မြောင်ဆီပျံသွားကာ မီးတောက်သည် ရှီမာယူယူ ၏ ဒေါသပါနေသဖြင့် ပိုတောက်လောင်နေသည်။

ဟွာပေါင်မြောင်သည် သူမ၏ တိုက်ခိုက်မှုကို ဂရုမစိုက်ပေ။ သူမသည် ရင်ဘတ်ရှေ့တွင် လက်ကိုထားပြီး ရှုပ်ထွေးကာလှပသော လက်ဟန်လုပ် လိုက်သည်နှင့် သူမလက်ဖဝါးမှ ရေနဂါးတစ်ကောင်ထွက်လာသည်။

ရေနဂါးသည် သူမ ပတ်လည်တွင်အနည်းငယ်ပတ်ပျံပြီးနောက် သူမကို ကာကွယ်ထားလေသည်။

မီးလုံးသည် ရေနဂါးနှင့်နီးလာသောအခါ တဖြည်းဖြည်း ကွယ်ပျောက် သွားလေသည်။

"ပင်လယ်နဂါး" ဟွာပေါင်မြောင် အော်လိုက်သည်နှင့် သူမအား ပတ်ထားသော ရေနဂါးသည် ပျံထွက်ကာ သူမအနောက်တွင် လျင်မြန်စွာပင် ကြီးထွားလာသည်။ သေးငယ်သောရေနဂါးသည် ကြီးမားသော ဒဏ္ဍာရီလာ ပင်လယ်နဂါးအသွင်ပြောင်းသွားလေသည်။

"ဝါး..." ဒဏ္ဍာရီလာနဂါးအော်လိုက်ရာ အားလုံးသည် မှင်တက်သွား ကြသည်။

"တကယ်ပဲ အသံထွက်အောင်လုပ်နိုင်တာပဲ သူမဝိဥာဉ်အရည်အချင်း က အရမ်းအားကောင်းတာပဲ"

"တကယ်ပဲ ဝိဥာဉ်အရည်အချင်းကနေ မိစ္ဆာအသွင်ပြောင်းတဲ့ အကောင် တွေက အသံထွက်အောင်မလုပ်နိုင်ဘူး၊ သူမ အကောင်ကလုပ်နိုင်မယ်လို့ ထင်မထားဘူးပဲ"

"တကယ့်ကိုပဲ ထိပ်တန်းအဆင့်၃ပဲ ဒီအားကတကယ့်ကို မတူဘူး"

"စီနီယာအစ်မဟွာက ဒေါသထွက်သွားတာလား၊ ဒီနည်းထုတ်သုံးတာ အရင်ကမမြင်ဖူးပါဘူး"

"ပင်လယ်နဂါးနည်းပညာက ဟွာပေါင်မြောင်ရဲ့ တကယ့်ထူးခြားချက်ပဲ သူမက ပုံမှန်ဆိုမသုံးဘူး၊ လူသစ်နဲ့ရှင်းတာကို ဒီနည်းပညာသုံးလိမ့်မယ်လို့ မထင်ထားဘူး သူမ ဒေါသထွက်သွားတာထင်တယ်"

"ဟား စီနီယာအစ်မဟွာကို လျော့တွက်ဖို့ ဘယ်သူပြောလိုက်တာလဲ"

"အမှန်ပဲ စီနီယာအစ်မဟွာက သူ့ကိုကောင်းကောင်းသတိပေးတယ် ဒါပေမဲ့ သူက ဂရုမစိုက်ပဲ စီနီယာအစ်မဟွာကို မရိုမသေလုပ်ရဲသေးတယ်၊ သူမက စီနီယာအစ်မဟွာရဲ့ စွမ်းအားကို မြည်းစမ်းရတော့မှာပဲ၊ သူ ဒီလိုပြော ရဲဦးမလားကြည့်ကြတာပေါ့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now