အပိုင်း (၈၇၉) - ငှက်လူသား သူမရဲ့ငှက်မွေးတွေကို ဆွဲနှုတ်လိုက်

1.8K 247 5
                                    

Zawgyi


ဟွာပေါင်မြောင်သည် သူမအားကြည့်လိုက်သည်။ သူမသည် တည်ငြိမ် ကာ ယုံကြည်ချက်ရှိသည်။ သူမရဲ့ ဝိဥာဉ်အရည်အချင်းနဲ့ ရင်ဆိုင်ဖို့အတွက် တခြားအကွက်ရှိနေတာလား။

ရှီမာယူယူ လက်ဆန့်ထုတ်သည်ကို သူမမြင်လိုက်သည်။ သူမ၏ လက်ဖဝါးမှ မီးထွက်ပေါ်မလာသော်လည်း ရွှေရောင်ဝိဥာဉ်စွမ်းအင်လုံး တစ်လုံးထွက်လာလေသည်။

"ရွှေအရည်အချင်းဝိဥာဉ်စွမ်းအင်လား မင်းလည်း အရည်အချင်းနှစ်မျိုး ဝိဥာဉ်သခင်လား"

ဟွာပေါင်မြောင်သည် အံ့သြသွားသည်။ ရှီမာယူယူသည် အရည်အချင်း နှစ်မျိုးဝိဥာဉ်သခင်ဖြစ်ကြောင်းကို ဘယ်သူမှမသိခဲ့ပေ။ သူမ တခြားသူများနှင့် တိုက်ခဲ့စဉ်က သူမသည် အမြဲမီးအရည်အချင်းဝိဥာဉ်စွမ်းအင်ကိုသာ အသုံးပြု ခဲ့သည်။ သူမ အခုထုတ်သုံးလိမ့်မည်ဟု မထင်ထားပေ။

ပွဲကြည့်စင်မှ ကြည့်ရှုသူများလည်း အံ့သြသွားကြသည်။ သူတို့သည် အရည်အချင်းနှစ်မျိုး ဝိဥာဉ်သခင်ကို မမြင်ဖူးခြင်းကြောင့်မဟုတ်ပဲ နှိမ့်ချပြီး နေတတ်သော အရည်အချင်းနှစ်မျိုး ဝိဥာဉ်သခင်ကိုတစ်ခါမှမမြင်ဖူး သောကြောင့်ပင်။ တခြားသူများသာဆိုလျှင် လူသိများနေလောက်ပြီ။

ရှီမာယူယူ၏ လက်ထဲမှဝိဥာဉ်စွမ်းအင်သည် လှံတံရှည်အဖြစ်ပြောင်း သွားသည်။ ထိုလှံသည် ကောင်းကင်လှံတော်နှင့် တူလေသည်။ သူမသည် လှံတံကိုကိုင်ကာ ရေခဲပြင်အလယ်ကို မြဲမြံစွာ ထိုးစိုက်လိုက်သည်။

သူမခြေထောက်နားမှ ရေခဲတုံးများ အပိုင်းပိုင်းကွဲပြီးနောက်တွင် သူမ သည် ခြေကြွကာ ခန္ဓာကိုယ်ပေါ်မှ ရေခဲများကိုခါချပြီး လေထဲသို့ပျံလိုက် သည်။

တစ်ချိန်တည်းမှာပင် သူမ၏ လက်ဖဝါးသည် မီးအရည်အချင်း ဝိဥာဉ် စွမ်းအင်ကို ခဲလိုက်သည်။ ဝိဥာဉ်စွမ်းအင်သည် မီးအဖြစ်ပြောင်းသွားပြီး ပဒါး ငှက်လေးပြန်ထွက်လာသည်။

သို့သော် ဒီတစ်ကြိမ်တွင် ပဒါးငှက်လေးသည် သေးငယ်ခြင်းမရှိတော့ ပေ။ ငှက်လေးသည် အပေါ်အောက်ကွေ့ကောက်ပျံလိုက်ချိန်တွင် ပိုကြီးလာ ပြီး ကွင်းအတွင်းရောက်သောအခါ ကွင်းတစ်ဝက်စာ အရွယ်အစားဖြစ်သွား လေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now