Chapter - 13 (Part 2)

617 132 1
                                    

Unicode

အချိန်အတော်ကြာပြီးတဲ့နောက်မှာ​တော့ ဧည့်ခန်းထဲမှာ သခင်ကြီး​ကျောင်းစီက ပစ္စည်း​တွေကို ရိုက်ချိုးပြီး အစ်ကို(၃)ကို ကျိန်ဆဲ​နေတာကို ကြားလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ ငါ စိတ်တွေ ကြည်လင်သွားပြီး သူ့ကို လွှတ်ကာ ကုတင်ပေါ်မှာ ထိုင်​နေလိုက်တယ်။ အခြေအနေက တော်တော်​လေးကို ​နေရခက်​နေခဲ့တာ။

​ကျောင်းကုန်းဇီက အေးစက်စွာမေးလာတယ်, "မင်း ဒါကိုဘယ်သူ့ဆီက သင်ခဲ့တာလဲ?"

ငါက ​ပြောလိုက်တယ်, "ပင်ကိုဗီဇအရပဲ"

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "ငါ့မှာ​ကော ဘယ်လိုဖြစ်လို့ ဒီလောက် ကျွမ်းကျင်တဲ့ ဗီဇမရှိတာပါလိမ့်?"

ငါက​ ​ပြောလိုက်တယ်, "ဘာမှမဖြစ်ပါဘူး, မင်း လုံ့လစိုက်ထုတ်ပြီး ​လေ့ကျင့်ဖို့ပဲလိုတယ်"

​ကျောင်းကုန်းဇီက အေးစက်စွာ မေးတယ်, "မင်းက​ကော ဘယ်သူနဲ့ ဇွဲရှိရှိ လေ့ကျင့်ခဲ့တာလဲ?"

ငါက​ ​ပြောလိုက်တယ်, "ဒါက ငါ့အတွက်​တော့ ပုံမှန်ပဲ​လေ, ဒါပေမယ့် မင်းက​တော့ လုံ့လစိုက်ထုတ်ဖို့လိုတယ်"

​ကျောင်းကုန်းဇီက လုံ့လစိုက်ထုတ်ပြီး လေ့ကျင့်ရန်အတွက် လှည့်ပြီး​တော့ ငါ့ရဲ့အင်္ကျီကော်လာကို ဆွဲကိုင်လိုက်တယ်။

အဲ့အချိန်က ​မှောင်မဲပြီး​တော့ ပျင်းရိစရာ​ကောင်း​​နေခဲ့တယ်။ ​ကျောင်းကုန်းဇီက သူ့ရဲ့လေ့လာမှုကို ပထမဦးဆုံးအ​နေနဲ့ စိတ်ဝင်တစားဖြစ်ခဲ့တာဖြစ်ပြီး ဆရာရဲ့နောက်အတန်းတွေမတိုင်ခင်မှာ သူက ပထမဦးဆုံးအကြိမ်အ​နေနဲ့ ပစ္စည်းအသစ်တွေကိုလည်း စမ်းသပ်ခဲ့တယ်။ သူ ငါ့ကို တွန်းလှဲလိုက်တာနဲ့ ဒါက မမှန်​တော့ဘူးဆိုတာကို ငါ သိလိုက်ရတယ်။ ဒါပေမယ့် သူက နောက်ကျရင် ငါ့ရဲ့ဘောင်းဘီကို လျှော်ပေးမယ်လို့ ပြောတဲ့အတွက် ငါသည်းခံလိုက်ရတယ်။ နောက်တော့ သူက ငါ့ရဲ့ဘောင်းဘီအပြင် သူ့ရဲ့ဘောင်းဘီနဲ့ အခြားအဝတ်အစားတွေ, ဖိနပ်​တွေအားလုံးကိုလည်း အ​စေခံတွေလျှော်ဖို့အတွက် ပစ်ချနေတုန်းပဲဆိုတာကို ငါ သိလိုက်ရတယ်။ ငါ သူနဲ့ ထပ်ပြီး ရန်ဖြစ်လိုက်ရတယ်။ ပြီး​တော့ ငါ သူနဲ့ အချိန်အတော်ကြာ မတွဲဖြစ်တော့ဘူး။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now