အပိုင်း(၅)

361 11 0
                                    

Unicode

၁နာရီလောက်လှည့်ပတ်ရှာနေရင်းCCTVမတွေ့တာနဲ့ ဧကရာဇ်စိတ်တိုလာပြီးခါးထောက်ကာ

"ချီးပဲ!CCTV တွေက အဲ့လောက်ရှားရလားဟ ဘယ့်နှယ့်ငါ့ခြေထောက်တွေတောင်ညောင်းလာပြီ shit!မင့်မေကလွှားတဲ့ ကဲကွာကဲကွာ"

"ဘုန်း!ဘုန်း!ဒုန်း!ဒုန်း!"

ဧကရာဇ်တစ်ယောက်ဆဲရေးရင်း လမ်းပလက်ဖောင်းကိုသူ့ဖိနပ်ကြီး
ဖြင့်ကန်နေတာဖြစ်သည်။

"ကျွတ်...ခင်ဗျားတိတ်တိတ်နေပေး လိူ့မရဘူးလားမွန်ဧကရာဇ် ဒီဘက်ရပ်ကွက်မှာလူသံတိတ်နေပြီ"

"မနေနိုင်ဘူးကွာ"

"ဘုန်!ဘုန်း!"

"ဒုန်း!ဒုန်း!"

ဧကရာဇ်ကKarishစကားကိုအဖတ်မလုပ်ပဲ ပလက်ဖောင်းကိုဆက်ကန်နေစဥ် လူသံကြားလိုက်တာနဲ့ဧကရာဇ်လက်ကောက်ဝတ်ကိုဆွဲလိုက်ပြီးဓာတ်တိုင်နောက်ကိုဆွဲပုန်းလိုက်သည်။ဘာမသိညာမသိ
နှင့်Karishရဲ့ဆွဲယူခြင်းကိုခံလိုက်ရပြီးသူ့ခန္ဓာကိုယ်ကြီးနှင့်လမ်းဘက်ကိုကာထား၍ပါးစပ်ကိုလက်နဲ့အတင်းဖိထားတော့ ဧကရာဇ်ရုန်းရင်းပါးစပ်ကဝူးဝူးဝါးဝါးအသံများထွက်ကျလာသည်။

"ရှူး...တိုးတိုးနေ..."

" ဗြစ်...ဗြစ်"

ဘာအသံလဲ....။လူသံတိတ်သွားမှ Karishဖယ်ပေးလိုက်ပြီးဧကရာဇ်ကိုကြည့်လိုက်တာနဲ့ မသတီစရာကောင်းတဲ့အနံ့တစ်ခုကနှာခေါင်းထဲတိုးဝင်လာတော့Karishနှာခေါင်းရှုံ့မိသွားကာလက်ချောင်းတို့ဖြင့်နှာခေါင်းထိပ်ကိုဖိလိုက်ပြီး

"ဟာ ၊ ဘာအနံ့ကြီးလဲ"

ဧကရာဇ်ကတော့ဘာမှမပြောပဲ ရေခဲရိုက်မျက်နှာထားနဲ့ကြောင်
ကြောင်ကြီးရပ်နေလျက်အောက်ကိုငုံ့ကြည့်လိုက်တော့

"အား! Shit!လုပ်ပါအုံး လုပ်ပါအုံး အီး ဟီး"

"ဘာဖြစ်တာလဲ."

ဧကရာဇ်အော်သံကြောင့်Karishလဲပါလာတဲ့ဓာတ်မီးသေးသေးလေးနဲ့အောက်ကိုမီးထိုးလိုက်တော့

"ခွေးချေးတွေပဲ ခင်ဗျားဖိနပ်မှာ ခွေးချေးပေနေတယ်၊ခင်ဗျားခွေးချေးနင်းမိပြီ"

Karishna &The Psychic Killer [ Completed ]Where stories live. Discover now