95

7.6K 1.5K 128
                                    

Unicode

“ဘယ်သူလုပ်ရဲလဲ..?”

ရင်းဆုယဲ့က ခြေတစ်လှမ်းတိုးပြီး အကာအကွယ်စည်းကို ဖျက်ဆီးပစ်လိုက်တယ်။ ထို့နောက် လျှပ်တပြတ်အတွင်း အစောင့်တွေကို ဖြတ်ကျော်ပြီး ရွှယ်ယို့ရှန်းရဲ့အရှေ့မှာ ပေါ်ထွက်လာခဲ့တယ်။ ငေးကြောင်နေဆဲ ကောင်လေးကို လှည့်ကြည့်လိုက်ပြီး လက်ဆန့်ထုတ်ကာ အကျင့်ဖြစ်နေတဲ့အတိုင်း သူ့ရဲ့ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်တယ်။ ဒီလိုနဲ့ကောင်လေးကို ပြည့်ပြည့်ဝဝ ကာကွယ်ပေးခဲ့တယ်။

ထင်တဲ့အတိုင်းပဲ ကောင်လေးရဲ့ဖြစ်တည်မှုကို ခံစားလိုက်ရတာနဲ့ ပူပန်နေတဲ့စိတ်က အလိုလို ငြိမ်းအေးသွားရတယ်။ ဒီမတိုင်ခင်အထိ ‘ကောင်လေးကို ဆုံးရှုံးလိုက်ရရင်’ ဆိုတဲ့စိတ်က ရင်းဆုယဲ့ရဲ့စိတ်ထဲမှာ စိုးမိုးနေခဲ့တယ်။

ကောင်လေးအနားကို အမြန်ဆုံးပြေးသွားနိုင်ဖို့အတွက် ရင်းဆုယဲ့က ဝေရိရဲ့စကားကို လျစ်လျူရှုပြီး အကာအကွယ်စည်းရဲ့ အားနည်းချက်ကို အာရုံစိုက်ကာ ရှာဖွေကြည့်လိုက်တယ်။ ကံကောင်းထောက်မစွာပဲ အားနည်းချက်ကို အလွယ်တကူ ရှာဖွေနိုင်ခဲ့တယ်။ အကာအကွယ်စည်းရဲ့ အားနည်းချက်နေရာမှာ လူတစ်ယောက်ထွက်နိုင်ရုံ အပေါက်ဖောက်လိုက်တာကြောင့် တန်ဖိုးအနည်းငယ်သာ ပေးဆပ်ခဲ့ရလေတယ်။

“ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲဟင်..?”

အကာအကွယ်စည်းအပြင်ကို အမြန်ဆုံးထွက်နိုင်ဖို့ တန်ဖိုးတချို့ပေးဆပ်ခဲ့ရမယ်ဆိုတာ သိနေတာကြောင့် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့လုပ်ရပ်ကို ရန်မတွေ့တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ရင်းဆုယဲ့ရဲ့ ပွေ့ဖက်မှုနဲ့ အသားကျနေပြီဆိုတော့ ဒီလိုမျိုး ပွေ့ဖက်ခံနေရတာကိုလည်း ဂရုမစိုက်တော့ဘူး။

ဒါပေမဲ့ ရွှယ်ယို့ရှန်းခမျာ သူ့ရဲ့ အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်က ကလေးခန္ဓာကိုယ်က သိပ်မကွာခြားသလို ခံစားလိုက်ရတယ်။ ရင်းဆုယဲ့က သူ့ကို ဘာလို့ပွေ့ဖက်ချင်နေတာလဲ။ နားမလည်နိုင်တော့ဘူး။

“အဆင်ပြေသွားမှာပါ..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ အနက်ရောင်ဆံနွယ်များကို ပွတ်သပ်ပေးလိုက်ပြီး ချော့မော့လိုက်တယ်။ အလွန်တရာ နူးညံ့အိထွေးနေတဲ့ ဆံနွယ်တွေက လက်မလွှတ်ချင်လောက်အောင်ပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now