Chapter 79

27K 3.7K 291
                                    

Unicode

《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》လွှင့်ပြီ၊ ယန်းချင်းချီ နာမည်ကြီးလာတယ်
______________________________

သူတွေးထားသလိုသာ အဆင်ပြေသွားခဲ့ရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ အဆင်မပြေလည်း ကိစ္စမရှိပါဘူး။ ဘာတွေဖြစ်လာဦးမလဲ ဘယ်သူမှခန့်မှန်းလို့မှမရတာ။ သူ ကျန်းမော့ချန်နဲ့လက်ထပ်ဖို့ ရွေးချယ်လိုက်ကတည်းက မူရင်းဝတ္ထုလမ်းကြောင်းကိုသွေဖယ်ပြီး လုပ်ချင်တာလုပ်ဖို့ စိတ်ကူးရှိခဲ့ပြီးသား။ ဝတ္ထုဇာတ်ကြောင်းအတိုင်းတော့ မသွားနိုင်ဘူး။ ဒီထဲရောက်လာပြီဆိုမှတော့ ဘဝကိုသူ့စိတ်ကြိုက်ပဲ ဖြတ်သန်းမယ်။

ထိုကြောင့် ယွမ်မင်ရွှိနဲ့ကျိုးရီရှင်းထွက်ပေါ်လာခြင်းက သူ့အပေါ်ဘာအကျိုးသက်ရောက်မှုမှ ဖြစ်မလာပါ။ သူတို့က သူ့ဘဝအတွက် ဒီတိုင်း ဖြတ်လျှောက်အဆင့်ထက် မပိုပေ။ ဒီတစ်ခေါက် မှတ်တိုင်မှာမဆင်းကြလျှင် နောက်မှတ်တိုင်မှာ ဆင်းကိုဆင်းကြရလိမ့်မည်။

သူကတော့ သူ့ဘဝကိုကျန်းမော့ချန်နဲ့သာ အေးအေးချမ်းချမ်းဖြတ်သန်းချင်သည်။

နောက်နေ့မှာတော့ ယန်းချင်းချီ၊ဝေ့လန်နှင့် အခြားသရုပ်ဆောင်တွေအားလုံး တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နှုတ်ဆက်လိုက်ကြကာ ဟိုတယ်ကနေ ထွက်သွားဖို့ပြင်ဆင်နေကြသည်။ သူတို့လည်း 《 မြန်းမြန်အာတာပူစီ 》ရိုက်ကွင်းကိုသွားဖို့ လေဆိပ်ဆင်းရန်ပြင်ဆင်ကြတော့သည်။

ယန်ရှောက်ရှောက်တစ်ယောက် အချိန်အကြာကြီး အသက်ကိုရှုသွင်း၊ရှုထုတ်လုပ်နေကာ နောက်ဆုံးမှာတော့ စိတ်ပိုင်းဖြတ်လိုက်နိုင်သည်။ သူမ ဖုန်းကိုပဲအသည်းအသန်ငုံ့ကြည့်နေသည့် ဝေ့လန်နားတိုးသွားကာ ရှက်ဝဲဝဲအသံလေးဖြင့် တိုးတိုးလေးပြောလိုက်သည်။

''ငါ့ကို လက်မှတ်ထိုးပေးလို့ရမလား ''

ဝေ့လန်အံ့သြသွားကာ သူမကို အူကြောင်ကြောင်လေးပြန်ကြည့်လာသည်။

ယန်ရှောက်ရှောက် ဝေ့လန်ကို ပြုံးပြလိုက်ရင်း လေသံလေးမှာ အရှက်သည်းနေဟန်ဖြင့်

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now