Chapter : 103

10.8K 1.3K 240
                                    

Unicode

ပုန်ကန်သူအဖြစ် ရောက်ရှိခြင်း
_____________________

မြစ်ရေပြင်ကိုရှပ်တိုက်ဖြတ်ပြေးကာ သော့လာသော လေပြည်အေးများက လွမ်းတေးအချို့ကို စောင်းကြိုးငင် တီးခတ်နေဘိသကဲ့သို့။

မြစ်ဘေးနံရံတွင် ကွပ်နေသောကျူးရိုးပင်များက လေသိမ်းတိုင်းယိမ်းကာ စောင်းကြိုးတို့​၏ငြိမ့်ညောင်းခြင်းမျိုးဖြင့် တေးသံသာကို သီကျူးနေကြသည်။

မြစ်ရေသံက တနွဲ့နွဲ့ တသွဲ့သွဲ့။
ကျူယိမ်းသံက ညက်ညောပါဘိသနှင့်။

သဘာဝ​၏ မွေ့သိမ်အိလွင်သောအသံများကြားတွင် မြစ်​၏ညို့မှိုင်းမှိုင်း၊ မြူတို့​၏ ခပ်ဆိုင်းဆ်ိုင်းနှင့် ကောင်းကင်​၏ပြာမှိန်မှိန်တို့က ပြဇာတ်​၏ပိတ်ကားလိပ် ပန်းချီကားချပ်ပမာ ပနံသင့်လွန်းလှသည်။

ပျံ့ဆွတ်စရာ ကောင်းသည်။

ဤမြင်ကွင်းကို မြင်သူတိုင်း၊ ကြားသူတိုင်းသည် ရင်ထဲမှ အလွမ်းလှိုင်းများ အိခနဲခတ်လာပြီး ထိုရုပ်ပုံကို တွေဝေဖျိုးဖျစွာဖြင့် ငေးကြည့်မိကြပေလိမ့်မည်။

အနှီလွမ်းဖွယ်လေးက ကြည်နူးသော အဆွေးစိတ်ကို တော့၍တော့၍ နေသည်။

ထိုအခါ ယုဂန်သည် ကြည်မြနေသောအတွေးမှိန်မှိန်နှင့်အတူ မြစ်လှိုင်းကြက်ခွပ်များ နော့နေသည်ကို မျော၍သာ ကြည့်နေမိသည်။

သူသည် သူ့ဘဝ​၏ပြောင်းလဲပုံကို စဉ်းစားခန်းဖွင့်နေမိ​၏။
လွန်ခဲ့သောလေးနှစ်ကျော်ကျော်က သူသည် ဘွဲ့ရပြီး အလုပ်လုပ်ရန်သာ ဆန္ဒရှိခဲ့သည်။

ဟော...ဒီဘက်ကမ္ဘာရောက်ခဲ့ပြန်တော့လည်း သူကြွယ်တစ်ဦးတန်းဖြစ်ပြီး ယုဂန်နိုင်ဘဝနှင့်ပဲ အလိုက်သင့်မျောရန် စိတ်ကူးခဲ့ပြန်သည်။ စွန့်စားစရာကြုံတော့လည်း စိတ်လှုပ်ရှားသည်။ အခက်အခဲဆုံတော့လည်း ရင်မောရသည်။ မောင့်ကိုချစ်မိတော့လည်း နှလုံးသားတို့ ပူနွေးရပြန်သည်။

အခုတော့ သူ့ဘဝသည် နှလုံးသားကို နွေးစေသောမောင်နှင့်အတူ အခက်အခဲနှင့်စွန့်စားခန်းတို့ ရောထွေးနေသောနေ့ရက်များဆီ ခုန်ကူးခဲ့ပြန်ပြီ။

The Everlasting One (volume 2 + 3 )Where stories live. Discover now