Part - 20⚡

10.2K 505 5
                                    

🔹Unicode🔹

'ဘုန်း'

အခန်းတံခါးကို အားနဲ့ဆောင့်ဖွင့်သံကြောင့် နှစ်ကုန်ခါနီးစာရင်းတွေကြားခေါင်းမဖော်နိုင်တဲ့ဦးသက်ဘုန်းနိုင်ဒေါသတို့ အရှိန်အ‌ဟုန်နဲ့ မြင့်တက်လာသည်။

ငါ သက်ဘုန်းနိုင်အခန်းတံခါးကို ဘယ်သူက အဲ့လိုဖွင့်ရဲတာလဲ!

"ဟင် သည်းငယ် ဒီအချိန်ကြီး ဘယ်လိုဖြစ်လို့..."

"ခင်ဗျား လုပ်တာမို့လား ဦးသက်ဘုန်းနိုင်"

"ဘာကိုလဲ သည်းငယ် လာဟိုမှာ အေးဆေးထိုင်ပြီးပြောလေ လာ"

ဦးသက်ဘုန်းနိုင်လဲ ထင့်ကိုအခန်းထောင့်ကို စတီခုံဘက်ကို ညွှန်ပြပြီး သူကိုယ်တိုင်လဲ အလုပ်စားပွဲမှ ထလာလိုက်သည်။

"ကျွန်တော် ထိုင်ဖို့လာတာမဟုတ်ဘူး ခင်ဗျားနဲ့ ရှင်းစရာရှိလို့"

ထင်ကတော့ မထိုင်ဘဲ အစောကမတ်တပ်ရပ်နေတဲ့နေရာကနေသာ ပြောလိုက်သည်။

"ဘာရှင်းစရာရှိလို့ ကျောင်းချိန်ကြီးတောင် ရောက်လာတာလဲဟွင် ပြောပါအုံး ဦးသည်းငယ်လေးရဲ့"

"မြတ်လေး မြတ်သဒ္ဓါ သူ မနေ့ညက night clubမှာ မျက်နှာကို အက်စစ်နဲ့ပတ်ခံလိုက်ရတယ် အခုဆေးရုံမှာ သူ့အရင်မျက်နှာကတော့ လုံး၀ပြန်မရနိုင်တော့ဘူးတဲ့"

"ဘာလို့ ဒါတွေဦးကလာပြောနေတာလဲ သည်းငယ်"

"ခင်ဗျား လုပ်တာမဟုတ်လား ဦးသက်ဘုန်းနိုင်"

"မဆိုင်တာ သည်းငယ်ရာ ဦးနဲ့သူ့အကြားဘာရန်ညှိုးမှလဲ မရှိဘူး ပြီးတော့မနေ့က ဦး အလုပ်ကပြန်လာပြီးကထဲက ညအိပ်တဲ့ထိ သည်းငယ်မျက်နှာပဲ ထ်ိုင်ကြည့်နေခဲ့တာလေ သည်းငယ်မမှတ်မိဘူးလား သည်းငယ်တောင် ခင်ဗျားမျက်လုံးကြီးနဲ့ ကျွန်တော့်ကို လာမကြည့်နဲ့လို့ စွာသေးတယ်လေ"

"ဟာ...ခင်ဗျားစကားလမ်းကြောင်းမလွှဲနဲ့"

"မလွှဲပါဘူး သည်းငယ် သည်းငယ်ကဦးလုပ်တယ်လို့ စွပ်စွဲလို့ ပြောပြတာပါ"

"ခင်ဗျားတပည့်တွေကို လုပ်ခိုင်းတာမို့လား"

"သည်းငယ် ဘာလို့ဦးကို အဲ့လိုထင်တာလဲဟင်"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now