ဒီနေ့ဆေးရုံဆင်းရမည်ဖြစ်၍Chae စောစောထနေသော်လည်း Sooကတော့အိပ်ကောင်းနေတုန်းပင်။ အအိပ်မက်သူဟုပြောရအောင်လည်း ရုပ်ကလေးကမထင်ရက်အောင်လှပလွန်းနေသည်။အိပ်နေချိန်မို့ပါ။မနေ့ကများစိတ်ကောက်လိုက်တာ ပြန်ချော့ဖို့တောင်မရဲတဲ့အထိ။ဘာပဲဖြစ်ဖြစ် တောင်းပန်ရမည်ပင်။
Sooကသာနေနိုင်ပေမယ့် Chaeကတော့ မျက်နှာညိုးမှာကိုသေလောက်အောင်ကြောက်သည်။
အစကတော့ကစားကွင်းသွားဖို့စီစဉ်ထားပေမယ့်Sooမပါပဲတော့မသွားချင်။ကစားကွင်းမှမဟုတ် ဘယ်နေရာကိုမှသူမ မပါလျှင်မသွားချင်ပါ။သွားရင်လည်းပျော်ရမည်မထင်။
သူမလေးကိုပဲ လွမ်းနေရမှာအဆင်မပြေနေ။
ထို့ကြောင့် Jenဆီသို့ မသွားဖြစ်ကြောင်းကိုသာ အားနာစွာဖြင့် မက်ဆေ့ခ်ျ တစ်စောင်ပို့လိုက်သည်။Lisaနှင့်ပဲသွားခိုင်းလိုက်သည်။
သူတို့အတွဲလည်း Chaeတို့ဆေးရုံတက်တဲ့အချိန်ကစပြီး လွတ်လွတ်လပ်လပ် နှစ်ကိုယ်တည်းမတွေ့ရတာကြာပြီလေ။
ပိုပိုကာပယ်ကိုဒီလောက်ပဲ နှိပ်စက်မည်။
လွန်သွားရင်မကောင်းဘူး။ပြန်ဝဠ်လည်မှာစိုးလို့လေ😆
အမှတ်တမဲ့ဖုန်းက Dateကိုကြည့်မိတော့
Feb 11 2022 ဆိုတဲ့နေ့စွဲလေးပင်။
အင်း Chae ဒီနေ့တော့ 25နှစ်မြောက်မွေးနေ့လေးပင်။မွေးနေ့သာဆိုသည်။အရင်နှစ်တွေတုန်းကလည်း တစ်ကိုယ်တည်း မွေးနေ့မှာတောင် အလုပ်တွေကြားထဲကပဲပြီးဆုံးခဲ့သည်။တစ်ခါမှသူများတွေလို မွေးနေ့ပါတီတွေလည်း မပြုလုပ်ခဲ့ရ။အိမ်မှာကျပြန်တော့
လူမညီသဖြင့်မလုပ်ချင်ခဲ့။
(အဲ့တုန်းက လစ်ကြီးနဲ့မျက်နှာကြောမတည့်လို့လေ)
တောင်တွေးမြောက်တွေးနှင့်တစ်ယောက်တည်းမြောနေချိန်မှာ ကာလနဂါးမလေးတောင်နိုးလာချေပြီ။
“နိုးပြီလား မ"
“အင်း Sooအိပ်မောကျသွားတယ် ဆောရီးနော် အစောကြီးနိုးနေတာလား "
အိပ်ချင်မူးတူးအသံလေးနဲ့ပြောနေပုံလေးကတကယ့်ကလေးလေးပါကွာ။Chaeထက်ကြီးတယ်ပြောရင် ယုံချင်စရာတောင်မရှိဘူးလေ။
“မ” ဆိုတဲ့နာမ်စားလေးကိုပါးစပ်ဖျားကဘယ်လိုထွက်မိသွားမှန်း ကိုယ့်ကိုတောင်သတိမထားမိ။ဒါပေမယ့် သဘောကျတယ်။
ယောင်းရဲ့မပေါ့😛
BẠN ĐANG ĐỌC
မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]
Lãng mạnတတ်နိုင်သလောက်ကြိုးစားပြီးကောင်းအောင်ရေးထားပေမယ့်အဆင်မပြေရင်သည်းခံပြီးဖတ်ပေးပါ💜💙
![မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]](https://img.wattpad.com/cover/295035381-64-k721952.jpg)