Final

104K 6K 1.2K
                                    

"ဧည့်ခန်းထဲမှာ ရပ်ကွက်လူကြီးတွေ ရောက်နေတယ် အန်တီ ပြီး ပြီးတော့ ရဲ ရဲတွေလည်း ပါတယ်..."

အထွေး၏ စကားကြောင့် နေ့လည်စာ ထမင်းဝိုင်းက တိတ်ဆိတ်သွားသလို ဦးမင်းမောင်ရော ဒေါ်ချိုမာဇင်ရော အံ့သြစွာဖြင့် နေရာမှ ထရပ်မိတော့သည်။ထိုစဉ်မှာပဲ ကြီးပုက ထမင်းစားခန်းထဲသို့ အပြေးအလွှား ရောက်လာကာဖြင့်....

"သားရှင်း...သားရှင်းကို စစ်ဆေးစရာရှိလို့တဲ့..."

ကြီးပု၏ စကားက ပို၍ အံ့သြထိတ်လန့်စရာ ဖြစ်လေတော့သည်။
ဒေါ်ချိုမာဇင် နားမလည်နိုင်စွာပဲ ဧည့်ခန်းဆီသို့ ခြေလှမ်းပြင်မိရင်း...

"သားရှင်းက ဘာဖြစ်လ်ို့ ဘာကိစ္စကို စစ်မေးမှာတုန်း..."

နှုတ်မှ မကျေမလည်ရေရွတ်ရင်းဖြင့် ဧည့်ခန်းဆီသို့ ထွက်ခဲ့တော့ ဦးမင်းမောင်နှင့်အတူ ဒေါနကပါ နောက်မှလိုက်ပါလာသည်။ရှင်းခန့်ကတော့ သူနှင့်မဆိုင်သည့်အလား နေ့လည်စာကိုသာ ခပ်အေးအေး စားရင်းကျန်နေခဲ့လေသည်။

"ဘာကိစ္စများ ရှိလို့လဲရှင့်..."

ဒေါ်ချိုမာတင့် မေးတော့ ရပ်ကွက်လူကြီးက ရဲအရာရှိက ရှေ့သို့အနည်းငယ် တိုးလာပြီးမှ....

"ဒေါက်တာဟန်စစ်နိုင်းရဲ့ အမှုကိစ္စအတွက် ကိုရှင်းခန့်မောင်ကို စစ်ဆေးမေးမြန်စရာလေးရှိလို့ စခန်းကို ခဏလောက် လိုက်ခဲ့ပေးဖို့ပါခင်ဗျ.."

ရဲအရာရှိ၏ စကားကြောင့် ဒေါနမှအပ အိမ်ရှိကျန်လူများအားလုံး အံ့သြသွားရလေသည်။ဦးမင်းမောင်က ရှေ့သ်ို့တိုးလာပြီးမှ....

"ခဏလေးဗျ ဒေါက်တာဟန်စစ်နိုင်းရဲ့ကိစ္စမှာ ကျွန်တော့်သားက ဘယ်လိုများပတ်သတ်မှုရှိနေလို့လဲ..."

"ဟုတ်ပါတယ် ဆရာရယ် သားရှင်းက ဒီကိစ္စနဲ့ပတ်သတ်စရာ အကြောင်းမှမရှိတာ ဆရာတို့ တစ်ခုခုမှားနေတာ ဖြစ်ပါလိမ့်မယ်.."

ခင်ပွန်းဖြစ်သူ၏ စကားအား ဒေါ်ချိုမာဇင် ထောက်ခံရင်း ဝင်ပြောမိသည်။ဟန်စစ်နိုင်းရဲ့ အက်စီးဒင့်ကိစ္စက ရှင်းခန့်နဲ့ ပတ်သတ်နေစရာ ဘာအကြောင်းများ ရှိနေလို့လဲ။ဘယ်လိုမှ ယုတ်္တိမရှိတဲ့ ကိစ္စကြီးကို။

Green Eye(complete)Where stories live. Discover now