RVTIACF Chapter-(13)

3.3K 489 13
                                    

CHAPTER-(13)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူရှောင်းမှာ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသူသာရှိသေးသည်။ သူမကုမ္ပဏီမှာ နှစ်ရက်တာအလုပ်သင်ပြီးနောက်တွင် ဖန်ချင်းကမကြာမီကျောင်းပြန်သွားရန် သတိပေးလာသည်။ ချူရှောင်းမှာ သင်ရိုးများများစားစားလည်းမရှိ။ ထို့ကြောင့်သူမအားလပ်သည့်အခါ ကုမ္ပဏီမှာအလုပ်သင်လုပ်လို့ရသည်။

ချူရှောင်းကျောင်းပြန်သွားဖို့ ချက်ချင်းသဘောတူလိုက်သည်။ သူမအရင်က ဘယ်သောအခါမှကျောင်းမတတ်ခဲ့။ တက္ကသိုလ်ကျောင်းသားဘဝကို အတွေ့အကြုံရှိတာလည်းပျော်စရာတစ်ခုပေ။ ကုမ္ပဏီတွင်းအလုပ်ကိစ္စတွေကို ညတွင်းချင်းနားလည်သွားဖို့ဆိုသည်မှာ သူမအတွက်မဖြစ်နိုင်၊ ပြီးတော့ သူမမိဘများကလည်း ကုမ္ပဏီမှာအလုပ်စလုပ်သည်ကို အလျင်မလိုကြပေ။ သူမမှာဒီကမ္ဘာကြီးရဲ့ အံအားသင့်စရာတွေကိုအတွေ့အကြုံရဖို့ အချိန်တွေအများကြီးရှိနေ၏။

မူလကိုယ်နှင့်ပိုင်ရွယ်ဝေ့က ချူမိသားစုကားနှင့် ကျောင်းသွားကြသည်။ ကားကအရမ်းသိုသိပ်သောကြောင့် လူအများစုက ချူရှောင်းရဲ့မိသားစုနောက်ခံကိုမသိကြ....သူမကချမ်းသာတဲ့မိသားစုက လာသည်ဟုသာသိကြသည်။

ယှည်ကြည့်လျှင် ယိချန်ကကျောင်းကို မကြာခဏဆိုသလို sportကားမောင်းလာလေ့ရှိသည်။ ထို့ကြောင့်ထိုကျောင်းကကျောင်းသားတွေယုံကြည်ကြသည်က ယိချန်မှာကျိကျိတက်ချမ်းသာသော မိသားစုကဆင်းသက်လာသည်ဟူ၍...ယိချန်က ချောရုံသာမက အားကစားလည်းအရမ်းတော်လေသည်။ ထို့ကြောင့် ကျောင်းကလူတိုင်းယုံကြည်ကြသည်က ယိချန်၏စည်းစိမ်နှင့်ရုပ်ရည်ကြောင့် ချူရှောင်းသူ့နောက်ကို လိုက်နေသည်ဟုသာ။

သို့သော်လည်း ချူရှောင်းမှာသိုသိုသိပ်သိပ်နေမည့်သူမဟုတ်ပေ။ သူမကျောင်းပြန်သွားသည့် ပထမဆုံးနေ့တွင် ကျောင်းသို့အနီရောင်တောက်တောက်super carမောင်းလာခဲ့လေသည်။ ချူတုံ့ချီကဒီကားကို ဆယ်ရှစ်နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် မူလကိုယ်ကိုပေးခဲ့ခြင်းဖြစ်သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now