Chapter 81

26.5K 4K 876
                                    

Unicode

ဝေ့လန်က ယွမ်မင်ရွှိကို Mention ခေါ်ပြီး တစ်စစီ ဆွဲဖြဲပြီ၊ Fanအချင်းချင်းလည်း ဝုန်းကုန်ကြပြီ
_______________________________

ရိုက်ကွင်းထဲ မင်းသားတွေနားဖို့အတွက်စီစဥ်ပေးထားသည့် ခုံပေါ်ထိုင်နေရင်း ယန်းချင်းချီ ထိုအင်တာဗျူးကိုကြည့်အပြီးမှာ ယွမ်မင်ရွှိက တကယ်ကိုကယ်တင်လို့မရတော့ဘူးဟုသာ ခံစားလိုက်ရသည်။ သူ ဒီလောက် မီးကိုစက္ကူနဲ့ငြှိမ်းလို့မရဘူးဟု အတန်တန်သတိပေးခဲ့တာတောင် တဖက်လူကသူ့အကြံကိုနားမထောင်သည့်အပြင် ကိုယ့်သေတွင်းကိုယ် ထပ်တူးနေပြန်ပြီ။ တကယ်လို့ သူသာသတိမပေးခဲ့ရင် ကျန်းမော့ချန်ကိုတွယ်ကပ်ပြီး ဘယ်လိုဆိုးဆိုးရွားရွားတွေထပ်လုပ်ဦးမှာလဲ။ အခုလည်း ငြိမ်ငြိမ်လေးနေလို့ရတာကို အင်တာဗျူးထဲမှာ ပေါက်ကရတွေလျှောက်ပြောနေတယ်? ဒီလိုလူမျိုးက ကယ်တင်ဖို့လမ်းစကို မမြင်ရတော့တာ။ အနှေးနဲ့အမြန် သူတောင်မလှုပ်ရှားလိုက်ရပဲ သူများဆွဲချလို့ အသက်ရှုပေါက်ပိတ်သွားလိမ့်မယ်။

ယန်းချင်းချီကြည့်နေတုန်း ဒါရိုက်တာက သူ့နာမည်လှမ်းခေါ်လာသဖြင့် ဖုန်းကိုချလိုက်ကာ ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်ရတော့သည်။ သူ မသိခဲ့သည်က သိပ်မကြာခင် အင်တာနက်ပေါ်မှာ မုန်တိုင်းတွေတိုက်၊ ဆူနာမီတွေထတော့မည် ဆိုတာပင်။

၆နာရီအတွင်းမှာ ဘာလုပ်နိုင်လဲ? ၆နာရီလောက်နဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ? ၆နာရီလေးနဲ့ တစ်စုံတစ်ယောက်က လှပသေသပ်တဲ့ပုံတစ်ပုံဆွဲနိုင်တယ်။ ၆နာရီထဲနဲ့ တစ်စုံတစ်ယောက်က သာယာချိူ​မြိန်တဲ့ သံစဥ်တစ်ခုဖန်တီးနိုင်တယ်။ ၆နာရီလောက်နဲ့ တစ်စုံတစ်ယောက်က စွမ်းရည်အသစ်တွေသင်ယူလေ့လာနိုင်တယ်။ ပုံစံတူပဲ အင်တာနက်ပေါ်မှာ ဆူညံပွက်လောရိုက်ဖို့ ၆နာရီပဲ လိုအပ်တယ်။

ယွမ်မင်ရွှိရဲ့ အင်တာဗျူး လိုင်းပေါ်ပြန့်သွားတာနဲ့ ယွမ်မင်ရွှိFanတွေက တစ်စုံတစ်ရာမှားယွင်းနေမှန်းသတိထားမိလိုက်သည်။ ယွမ်မင်ရွှိက အင်တာဗျူးထဲမှာ ရုတ်တရက်ကြီးအရိုက်ခံလိုက်ရတယ်၊ တချို့က ကင်မရာရှေ့တမျိုး နောက်ကွယ်မှာတမျိုးလုပ်တတ်တယ်ဟု ဖြေထားသဖြင့် ထိုအဖြေနှစ်ခုက သီးခြားစီဖြစ်နေလျှင် သိပ်မသိသာသော်ငြား နှစ်ခုတွဲကြည့်လိုက်သည့်အခါ တစ်စုံတစ်ယောက်က ယွမ်မင်ရွှိကို အနိုင်ကျင့်ထားမှန်းသိသာလှသည်။ Fanတွေက သူတို့ကောကောဘာဖြစ်တာလဲ သိချင်တာကြောင့် ယွမ်မင်ရွိ Weiboပေါ်တင်ထားသည့် Postတွေကိုလှန်လှောကြည့်လိုက်သည့်အခါ ယွမ်မင်ရွှိတစ်ယောက် Variety Showရိုက်ကူးနေစဥ်တစ်လျှောက်လုံး တင်ထားသည့်Postများထဲတွင် သရုပ်ဆောင်၁၄ယောက်လုံးပုံ ပါနေရမည်ဖြစ်သော်ငြား ယွမ်မင်ရွှိက ၁၃ယောက်ပုံကိုသာထည့်ထားသည်။ Fanတွေက ပါတဲ့လူစာရင်းတွေနဲ့ ပုံတွေကိုလိုက်တိုက်ကြည့်လိုက်ကြသည့်အခါ ဝေ့လန်ပုံတောင်ပါနေပေမဲ့ ယန်းချင်းချီပုံမပါ,ပါ။ တင်ထားသည့်Postတွေအများကြီးထဲမှာမှ တစ်ပုံလေးတောင်ပါမနေခဲ့ပေ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now