Part50(uni +zawgyi)

4.2K 136 30
                                    

Uni

"ဘာ     ဟာမဖြစ်နိုင်တာ "

"မဖြစ်နိုင်တာဖြစ်နိုင်တာတော့ ငါလည်းမသိဘူးဟေ့ရောင်ရေ သူနဲ့ သတ္တိကိုတော့ ငါ့မျက်လုံးနဲ့တည့်မြင်ခဲ့တာပဲ"

"မင်းကဘယ်လိုတွေ့လာတာလဲ"

"ငါမနက်က လေဆိပ်သွားတယ်လေကွာ မင်းပဲတရုတ်ကလာမယ့်ဧည့်သည်တွေသွားကြိုခိုင်းထားပြီးတော့"

"အေးပါ အဲ့ဒါဘာဖြစ်လဲ အမြန်ပြော"

ခန့်ထယ်ဝါစိတ်မရှည်ချင်တော့ဘူးလေ မင်းခန့်ရစ်နေတာကို

"ဒီလိုကွ အဲ့မှာသူငါ့ကိုတွေ့တော့မတွေ့လောက်ဘူး
ငါ့နားရောက်လာပြီး ငါ့ကိုကျောခိုင်းထားပြီးပြောနေတာ
မင်းအကြောင်းလဲပါတယ်
ငါလည်းမသင်္ကာချင်တာနဲ့
သူတို့ပြောတာဆက်နားထောင်နေလိုက်တယ်
သူမနက်ဖြန်နက်ကိုလာတွေ့မှာတဲ့"

မင်းခန့်လည်း မလုံမလဲနဲ့ အိမ်ထဲကိုလှမ်းကြည့်လိုက်တယ် ပုလဲနက်ရဲ့ အရိပ်အခြေမတွေ့မှ စကားကိုပြန်ဆက်တယ်

"ကြည့်ရတာ သတ္တိနဲ့နှင်းတို့ပေါင်းပြီး မင်းတို့လင်မယားကိုမကွဲကွဲအောင်ခွဲမယ့်သဘောရှိတယ်ကွ"

"သတ္တိက ပြန်လွတ်လာတာစောလှချည်လားကွ ထောင်ကျသွားတာမှမကြာသေးဘူး"

နှစ်လကျော်ကျော် ပဲရှိသေးတဲ့သတ္တိက အပြင်ပြန်ရောက်လာတာ သိပ်တော့ရိုးသားမနေဘူးလေ

"ငါ့အထင်တော့ သတ္တိကိုလည်း ထောင်ထဲကနေထုတ်ပေးလိုက်တာထင်တယ်ကွ

ငါကတော့ မင်းတို့လင်မယားကို အနှောင့်အယှက်ဖြစ်မှာ စိတ်ပူမိတယ်"

"အင်း နှင်းဖြူစင်ကပြသနာသိပ်မရှိပေမယ့် သတ္တိကိုတော့ ငါလည်းစိတ်ပူတယ်

သူကနက်နဲ့ချစ်သူဖြစ်ခဲ့ဖူးတော့ ငါတို့လက်ထပ်လိုက်တာကိုသိပ်ပြီးမကျေနပ်နေတာလေ"

"ဟာ မင်းရဲ့နှင်းကရော ဘာထူးလို့လဲ
ထားပါဒါတွေ

ခုမင်းဘယ်လိုဆက်လုပ်မလဲ ငါကတော့ သတိပေးပြီးပြီနော်

ကျန်တာတော့ မင်းအပိုင်းပဲ ပြီးတော့မှ ငိုကြီးချက်မနဲ့ ကလေးမသာရုပ်ဖမ်းပြီး ငါတို့ကိုလာအပူမကပ်နဲ့နော်"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now