Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၆)
ထည်ဝါလွန်းသော အိမ်ကြီးထဲသို့ ကားအနက်နှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်ဝင်သွားလေသည်။ ထိုအိမ်ကြီးသည် Logan၏မိခင် Aliceပိုင်ဆိုင်သည့် အိမ်ကြီးဖြစ်သည်။ ကားနှစ်စီးသည် အိမ်၏စင်ဝင်အောက်တွင်ရှေ့ဆင့်နောက်ဆင့်ရပ်သွားသည်။
ကားရပ်သည်နှင့်လူတစ်ယောက်သည် BMWအနက်လေး၏ နောက်တံခါးကိုရိုကျိုးစွာဖွင့်ပေးနေသည်။ ကားတံခါးပွင့်သည်နှင့် ပြောင်လက်နေသော လည်သာဖိနပ်သည် ရှည်လျားသောခြေတံထက်၌ ပနံရစွာထွက်ပေါ်လာသည်။
ထိုသူသည် Mr.Maxiyoပင်ဖြစ်သည်။
Bazကားပေါ်ကဆင်းကာ suitကိုသပ်သပ်ရက်ရက်ပြင်ဆင်ပြီး ထည်ဝါလွန်းသော အိမ်ထဲသို့ဝင်လာခဲ့သည်။ အိမ်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။ အိမ်ကြီးသည် အတော်ပင် အနုပညာမြောက်လွန်းသည်။ လှေကားလက်ရမ်းနှင့် တံခါးမကြီးတွေ၌ ရေးဆွဲထားသော ပန်းခက်၊ပန်းလက်များသည် အနုစိတ်လွန်းလှသည်။ ထောင့်ချိုးတစ်ခု၌ ထားရှိထားသောပန်းပုရုပ်တွေသည်လည်း အသက်ဝင်လှသည်။ ထိုအိမ်၏လှေကားပေါ်တွင် အနုစိတ်လွန်းသော ကြွေထည်ပန်းအိုးကြီးတွေကိုလည်း တွေ့ရပေမည်။
ဤအိမ်ကြီးကို Logan၏ဖခင်သည် သူ့အမျိုးသမီး၏ဒုတိယမြောက်အိမ်ထောင်ပြုချိန်တွင်နေထိုင်ရန် အနုစိတ်လွန်းသော..ရသမျိုးစုံမြောက်သော အိမ်ကြီးကိုလက်ဖွဲ့ပေးခဲ့သည်။ သူသည် သူ၏အမျိုးသမီးကို အတော်ချစ်သည်ဆိုသော သတင်းသည်ကျော်စောသည်။
သူသည်သူတို့နှစ်ဦးလမ်းခွဲပြီးချိန်၌ပင် နောက်အိမ်ထောင်ပြုခြင်းမရှိခဲ့..။
အတ္တဆန်ဆန်နှောက်ယှက်ခြင်းအလျဉ်းမရှိခဲ့..။ နောက်ဆုံး မူးယစ်ဆေးဝါး၏သားကောင်အဖြစ်ခံယူပြီး တိတ်ဆိတ်စွာဘဝနိဂုံးချုပ်စေခဲ့သည်။ထိုအိမ်ကြီးထဲရှိ အနုစိတ်လွန်းသောအစိတ်အပိုင်းတိုင်းတွင် သူ၏ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊တမ်းတခြင်း၊အထီးကျန်ခြင်း..အစရှိသော အငွေ့အသက်များဖြင့်လွှမ်းခြုံထားသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...