Uni
"သားသားရေ မာမီတို့ အရင်သွားနှင့်မယ်
ခဏနေ လိုက်လာခဲ့တော့ ""ဟုတ်မာမီ"
ဒီနေ့ ကုမ္ပဏီ နှစ်ပါတ်လည် နေ့ ဖြစ်၏။ Dinner ဆိုတော့ ၇ နာရီ လောက်မှ ပွဲစမည်။ ရွှေဘုန်းတစ်ယောက် သာမန် အဝတ်အစားဖြစ်သာ ခေတ် ဆိုင်သို့သွားရန် ၆ :၀၀ လောက် အိမ်ကထွက်လာခဲ့၏။
" ခေတ် မောင့်ကို အင်္ကျီ တွေပေးအုန်း "
ခေတ် ရဲ့ design ကတော့ အံဩ ရလောက် ၏။ ဝတ်ထားတဲ့ အနက်ရောင် suits သည် ရွှေဘုန်းရဲ့ ကိုယ်ရောင်ကိုယ်ဝါ ကို အထင်သားပေါ်လွင်စေသည်။
"မောင် အဆင်ပြေရဲ့လား ဘာလိုသေးလည်း"
"အဆင်ပြေတာထက်ကို ပိုတယ်မောင်"
"မောင်က လှလို့ မဟုတ်ပါဘူး
ချုပ်ပေးတဲ့ designer ကတော်လို့ပါ ""မဟုတ်ပါဘူးမောင်ရယ်
မောင်က ပြည့်စုံ လွန်းနေတာပါ "" မောင့်ကို necktie လေး စည်းပေးပါအုန်း"
necktie လေး စည်းပေးလိုက်ပြီး
အံဆွဲထဲမှ order မှာယူထားသော ပစ္စည်း အားထုတ်ယူလိုက်၏။"မောင့် အတွက် လက်ဆောင်"
ဒီလို မောင့်ဘဝ အတွက် အရေကြီးတဲ့နေ့ကို လက်ဆောင် ပေးဖို့ လွန်ခဲ့တဲ့ ၁၀ရက်လောက် ကတည်းက စိန်တိုက် တစ်ခုမှာ အော်ဒါ မှာခဲ့တာ ။ စိန် တပွင့် ထဲ ပါတဲ့ ပက်တီနမ် necktie clip ကလေး ။ မောင့် necktie မှာ ညှပ်ပေး လိုက်တယ်။
" Congratulations ပါ မောင် "
" ကျေးဇူးပါ ခေတ်
မောင့်အတွက် ဘာမှ မလိုပါဘူး
ခေတ်ရှိနေရင် ပြည့်စုံ ပါပြီ"ပြောပြီး ရွှေဘုန်း ခေတ် နဖူးလေးကို နမ်းလိုက်၏။
"ပြီးပြီလားခေတ် "
"ဟင် ခေတ် မလိုက်တော့ဘူးလေ "
"မောင် ပြောပြီးလေ
မောင့်အတွက် ဘာမှမလိုဘူး
ခေတ်ရှိရင်ရပြီလို့"ဒီနေ့ မောင်က GAG လုပ်ငန်းစုရဲ့ ဒုဥက္ကဌ အဖြစ် တရားဝင်ကြော်ငြာမယ့်နေ့ဖြစ်၏။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး