Chapter - 13 (Part 3)

605 124 3
                                    

Unicode

ငါ သူနဲ့ ဒီလိုဆက်ဆံရေးမျိုးမှာ မနေချင်တာ​ကြောင့် သူ့ကို သိမ်သိမ်မွေ့မွေ့နဲ့ အရိပ်အမြွက်ပြောပြလိုက်တယ်, "ငါ အယူဝါဒနဲ့ကျင့်ဝတ်အသစ်တွေကို ထောက်ခံပေမယ့် အစဉ်အလာဟောင်း​တွေကိုလည်း လုံးဝမပယ်ဖျက်နိုင်သေးဘူး, မနေ့ညက ငါတို့မူး​နေတော့ အဲ့လိုဖြစ်သွားခဲ့တယ်, ဒါပေမယ့် အခု ငါတို့နှစ်ယောက်စလုံး မမူး​တော့ဘူး​လေ, အဲ့တော့ ပြင်ဆင်မှု​တွေ, ပွဲအခမ်းအနားတွေ လုံလုံလောက်​လောက်မရှိဘဲ ငါ အတူမနေချင်ဘူး"

​ကျောင်းကုန်းဇီက မျက်ခုံးကို တင်းတင်းကျုံ့ထားပြီး ငါ့ကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့တယ်။

ငါ ဆက်ပြီး​တော့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထားပြီး ​ကျောကို တုတ်တံလိုမျိုး တည့်တည့်မတ်မတ်ဆန့်ထားလိုက်တယ်။

နောက်ဆုံးတော့ ​ကျောင်းကုန်းဇီက သူ့ရဲ့ပါးစပ်ကို ဖွင့်ဟလာတယ်, "ငါ နားလည်ပြီ, မင်းက အရမ်းမိုက်တာပဲ"

ငါ သူ့ကို ဘာတွေနားလည်တာလဲဆိုတာ မေး​တော့မလို့လုပ်​နေတုန်းမှာပဲ သခင်ကြီး​ကျောင်းစီက တံခါးဖွင့်ဝင်လာပြီး ​မေးတယ်, "ဘာကို နားလည်တာလဲ, ဟမ်?"

​ကျောင်းကုန်းဇီက သူ့ကျောကို တည့်တည့်မတ်မတ်ထားပြီး ဒူးထောက်ထားတယ်။ သူက ရုတ်တရက် စိတ်ပြောင်းသွားပြီလို့ ဆိုတယ်။ အစက သူဟာ ငါ့ကို ပိုက်ဆံနည်းနည်းလောက်ပေးပြီး ထွက်သွားဖို့ပြောချင်ခဲ့ပေမယ့် အခု​တော့ ငါ့ကို လက်ထပ်ချင်တယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ သခင်ကြီး​ကျောင်းစီက ​ပြောတယ်, "မင်းက ရူး​နေတာပဲ!"

​ကျောင်းကုန်းဇီက သူတို့ သူ့ကို ​သေ​အောင်ရိုက်ပစ်ရင်တောင်မှ စိတ်ပြောင်းမှာမဟုတ်ဘူးလို့ ပြောတယ်။

သခင်ကြီး​ကျောင်းစီ ငါ့ကို သေအောင်ရိုက်နှက်မှာကို​​တော့ ငါ ကြောက်တယ်​လေ!

သခင်ကြီး​ကျောင်းစီက ငါ့ကို တကယ်သတ်ချင်နေတာ။ သူက ​ကျောင်းကုန်းဇီကို အခန်းထဲကဆွဲထုတ်ဖို့ လူတစ်ချို့ကို ခိုင်းလိုက်ပြီး တခြားလူတွေကို​တော့ ငါ့ကို သမုဒ္ဒရာထဲကို ပစ်ချပြီး ရေနစ်​အောင် ပြင်ဆင်တဲ့အနေနဲ့ ငါ့ရဲ့ခေါင်းပေါ် ကို ဖျင်ကြမ်းအိတ်ထုပ်ကြီးတင်ခိုင်းလိုက်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now