Chapter 82

27.1K 4K 726
                                    

Unicode

ယွမ်မင်ရွှိ ပြန်တောင်းပန်ရပြီ
_______________________________

စွင်းရွှင်ရော ချန်ရွှမ်းလန်ပါ ကပ္ပတိန်နှစ်ယောက်လုံးရှေ့ထွက်ပြောလာမှတော့ အဖွဲ့သားတွေအားလုံးကလည်း ရေငုံနှုတ်ပိတ်နေ,နေလျှင် မသင့်တော်တော့တာကြောင့် Weiboပေါ် Postတင်ကာ အားလုံးကောင်းကြောင်း သူတို့အမြင်ကိုချပြလာကြသည်။ ယန်းချင်းချီက ကွမ်မေကိုဘာလုပ်ရမလဲဟု လှမ်းမေးလိုက်သည့်အခါ ကွမ်မေကလည်း စိတ်ပူစရာမလိုကြောင်းနှင့် PRဘက်ကနေဖြေရှင်းလိုက်မည်ဖြစ်ကြောင်း ပြန်ဖြေလာကာ ဝေ့လန်ဘက်ကရပ်တည်ထားသည့် Postတစ်ခုကို မယုတ်မလွန် တင်လိုက်သည်။

သိပ်မကြာခင် ရိုက်ကူးရေးလုပ်ခဲ့သည့် ၁၄ယောက်အနက် ယွမ်မင်ရွှိနဲ့ဝေ့လန်ကလွဲ ကျန်တဲ့၁၂ယောက်လုံး အားလုံးကောင်းကြောင်း အသီးသီး Postတင်ကြတော့သည်။ အကဆရာမကတောင် သူမအမြင်ကိုချပြလာသည်။

[ ဝေ့လန်က အကုန်ကောင်းတယ် ပြိုင်ပွဲကိုလည်းအလေးအနက်ထားသလို ဉာဏ်လည်းထက်တယ် တို့အကပြိုင်ပွဲမှာ သူကပထမဆုံးအောင်တဲ့လူပဲ အောင်တော့လည်း ငုတ်တုတ်ထိုင်မနေဘူး အသင်းသားတွေပါ အောင်သွားအောင်လိုက်သင်ပေးနေတာ အမှန်အတိုင်းပြောရရင် ဒီတစ်ခေါက်ပြတဲ့အပိုင်းမှာ တို့အကြိုက်ဆုံးက ဝေ့လန်ပဲ ]

ထို Postတွေကို မြင်တော့ ကွာစေ့ကိုက်နေသည့် ဖြတ်လျှောက်တစ်စုကလည်း ယွမ်မင်ရွှိကို Mentionခေါ်ကာ မေးကြတော့သည်။

[ @ယွမ်မင်ရွှိ အဲ့တော့နင်မကောင်းဘူးလို့ထင်နေတဲ့လူကဘယ်သူလဲ အားလုံးက တစ်ယောက်နဲ့တစ်ယောက် အကုန်ကောင်းတယ်ပြောနေတဲ့အချိန် နင်ကတစ်ယောက်ထဲကွက်ပြီး မကောင်းပါဘူးလုပ်နေတော့ အဲ့လူကဘယ်သူလဲ ထွက်ပြောလိုက်တော့! ]

ယွမ်မင်ရွှိမန်နေဂျာက ယွမ်မင်ရွှိကို ဒေါသတကြီး လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူတော့သည်။

''မင်းဝက်ဦးနှောက်!!! မင်းဘာလို့အဲ့လိုတွေလျှောက်ပြောနေတာလဲ! အခုမင်းဘက်မှာဘယ်သူရှိလဲ! မင်းဒီလောကမှာ ဒီလောက် အကြာကြီးကျင်လည်နေတာ ဝေ့လန်ကဘယ်သူလဲဆိုတာမသိဘူးလား! သူ့မှာဘယ်လိုစရိုက်ရှိတယ်ဆိုတာကို မသိဘူးလား!!! မင်းသေချာမသိလို့များ အဲ့ဘိုးဘေးလေးနဲ့ သွားရှုပ်ရဲတာလား! မင်းက ဝေ့လန်ကိုရှေ့မှာထားပြီး နှစ်ပေါက်တစ်ပေါက်သွားရိုက်တယ်? သူက အဲ့လိုမျိုးလှည့်ကွက်တွေဆို အမုန်းဆုံးဆိုတာမသိဘူးလား!!! ဒီလိုမျိုး ရှုပ်ရှုပ်ယှက်ယှက်တွေသွားလုပ်ရဲအောင် မင်းဘယ်ကနေများ သတ္တိတွေဆင့်ခေါ်လိုက်တာလဲ ဟမ်? ဝေ့လန်က မိုးပြိုရင်တောင်ကြောက်တဲ့လူမဟုတ်ဘူး မင်းကရော? မင်းကရောမကြောက်ဘူးလား ယွမ်မင်ရွှိ မင်းလုပ်ထားတာတွေကို မင်းပြန်ကြည့်လိုက်စမ်း! အခု ပရိတ်သတ်တွေ မင်းကိုဘယ်လိုထင်မြင်နေကြပြီလဲ အခုချက်ချင်း Weiboမှာ တောင်းပန်တဲ့Postတင်လိုက် 'အဲ့စကားကတကယ်မရည်ရွယ်ပါဘူး အားလုံးကပျော်ပျော်နေတတ်တော့ ပြောလိုက်ရင် အမှားပါသွားမှာစိုးလို့ ထုတ်ဖော်ပြောရခက်တယ်လို့ပြောမိတာပါ ဘယ်သူ့ကိုမှမကောင်းဘူးလို့မမြင်ပါဘူး ပြီးရင် ခေါင်းအုံးနဲ့အရိုက်ခံရလို့ လန့်သွားတာကလည်း ပထမဆုံးစဆော့ဖူးတာမို့ အတွေ့အကြုံမရှိသေးလို့ လန့်သွားတာပါ အားလုံးအထင်မလွဲကြပါနဲ့' ဆိုပြီး တင်လိုက် ပြီးရင်ဝေ့လန်ကိုပါတောင်းပန်ကြောင်း တစ်ခါထဲထည့် ငါသတိပေးမယ်နော် စကားကိုကောင်းကောင်းပြောပြီး ရိုးရိုးသားသားတောင်းပန် အဲ့ဘိုးဘေးလေးကိုသွားမရှုပ်နဲ့တော့ မဟုတ်ရင် မင်းရဲ့အနုပညာလမ်းကြောင်းက ဒီမှာတင်ရပ်သွားလိမ့်မယ်! ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now