96

7.2K 1.4K 181
                                    

Unicode

“တော်ဝင်မြို့တော်မှာ ဘယ်သူပြဿနာလာရှာနေတာလဲ..?”

လူကိုမမြင်ရခင် တည်ကြည်ခန့်ညားတဲ့ အသံတစ်ခုက တော်ဝင်မြို့တော်ထဲကနေ ဟိန်းထွက်လာခဲ့လေတယ်။

“လူသားဘုရင်လား..?”

ရွှယ်ယို့ရှန်းက ခေါင်းမော့လိုက်ပြီး ရင်းဆုယဲ့ကို မရေရာသလို မေးလိုက်တယ်။ ဘုရင်မှသာ ဒီလိုလေသံမျိုးနဲ့ ပြောဆိုရဲမှာဆိုပေမယ့် ဘယ်အရာမှ မသေချာသေးဘူးလေ။ အဲတာကြောင့် ရောက်လာတဲ့ပုဂ္ဂိုလ်ကို ရှင်းရှင်းလင်းလင်း အတည်ပြုရမယ်။ သို့မှသာ တုံ့ပြန်တိုက်ခိုက်ရန် အစီအစဉ်ရေးဆွဲနိုင်လိမ့်မယ်။

“အင်း..”

ရင်းဆုယဲ့က အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းထောင့်က အတန်ငယ် ကော့တက်သွားခဲ့ပြီး နေရာလွတ်တစ်ခုကို ငေးစိုက်ကြည့်နေခဲ့တယ်. လူသားဘုရင်က သူ့ရဲ့စိတ်အာရုံထဲမှာ ပေါ်ထွက်လာခဲ့လေပြီ။

တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းက ရုတ်တရက် အသက်ဝင်လာတယ်ဆိုတာ သာမာန်ကိစ္စမဟုတ်ဘူး။ လူသားမျိုးနွယ်စုရဲ့ အုပ်စိုးသူတစ်ယောက်အနေဖြင့် အခြေအနေကို စစ်ဆေးရန်၊ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် လူသားဘုရင်က သေချာပေါက် ထွက်လာလိမ့်မယ်။

ထို့အပြင် ရင်းဆုယဲ့က လူသားဘုရင်ကို ထွက်တွေ့ရန်ပြောလိုက်တဲ့အချိန် သူ့ရဲ့ဝိဉာဉ်စွမ်းအားကိုပါ ထည့်သွင်းပို့လွှတ်လိုက်တယ်။ တော်ဝင်မြို့တော်ထဲက လူသားဘုရင်သာမက လူသားနယ်မြေမှာရှိတဲ့ လူသားအားလုံး သူ့ရဲ့စကားကို ကြားရလိမ့်မယ်။ ဒီလိုရန်စခံရပြီးမှတော့ လူသားဘုရင်လည်း သူ့ရဲ့စိတ်ကို ထိန်းချုပ်ထားနိုင်ဦးမယ်လို့ ရင်းဆုယဲ့ မယုံကြည်ပါဘူး။

“အစီအစဉ်ဆွဲထားတာ ရှိလို့လား..?”

လူသားဘုရင် ရောက်မလာသေးခင် ရွှယ်ယို့ရှန်းက ပြန်လည်တိုက်ခိုက်ရေးအစီအစဉ်ကို ရင်းဆုယဲ့နဲ့တိုင်ပင်ရန် ကြိုးစားလိုက်တယ်။ လူသားဘုရင်ရောက်လာခဲ့ရင် ဆွေးနွေးဖို့ အချိန်မရပဲ ဖြစ်သွားလိမ့်မယ်..! ရွှယ်ယို့ရှန်းက ဝေရိနဲ့ တခြားအစောင့်များကို လုံးဝလျစ်လျူရှုထားခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now