အဟမ်း...။
အမှာစာရယ်လို့ရေးရမယ်ဆိုတော့ ဘာရေးရမယ်တောင်မသိဘူးရယ်။
တကယ်က ဒါပထမဆုံးဘာသာပြန်ဖူးတဲ့စာအုပ်ဖြစ်သလို အလုပ်အနေနဲ့သာ ဘာသာတွေပြန်ခဲ့ဖူးပေမယ့် ဝတ္ထုကိုဘာသာပြန်ဖို့ တစ်ခါမှမတွေးခဲ့ဖူးတာ။ ဒါပေမယ့် ဘဝဆိုတာက အမြဲတွေးခဲ့တာတွေပဲ လုပ်ဖြစ်တာမဟုတ်ဘူးဆိုတော့ ထူးတော့မထူးဆန်းပါဘူးလေ။
MoDu ကိုဘာလို့ဘာသာပြန်ဖြစ်လဲ ဆိုရင် ဒါဟာလည်း ရေစက်၊ ဆက်နွယ်ခြင်း လို့ပဲဆိုရမှာပဲ။
MoDu ဟာစဖတ်ကတည်းက လက်ကမချချင်အောင်၊ ကြားထဲငြီးငွေ့တယ်တစ်ချက်မရှိအောင် ဆွဲဆောင်သွားခဲ့တာ... ပြီးဆုံးသွားသည်ထိ ကိုယ့်မှာရုန်းမထွက်နိုင်ခဲ့ဘူး။ တခြားဆီသွားလည်း MoDu ဆီပြန်ရောက်လာတာပဲ။ သူ့အတွက်အချိန်တစ်ခုက ပုံမှန်သာမန်ရိုးကျလေးလိုပဲ ရှိနေတုန်းပဲ။
ဇာတ်ကောင် ဖေ့တု(FeiDu) ကိုဆိုရင် my character of 2021 ဆိုပြီးတောင်သတ်မှတ်ပြီး အရမ်းကိုသဘောကျ မြတ်နိုး၊ ချစ်ခဲ့တာ (ကိုယ့်မှာအဲ့လိုကိုယ်ပိုင်သတ်မှတ်ထားတဲ့ character လေးတွေရှိတတ်တယ်၊ နှစ်တိုင်းတော့မရှိဘူး၊ ဒါမှမဟုတ် တစ်နှစ်မှာတစ်ယောက်မကတာလည်းဖြစ်နိုင်တယ်၊ ဥပမာ- ၂၀၁၉ တုန်းကအတွက်ဆို Tian Guan Ci Fu ထဲက Xie Lian က my character of 2019 ပဲ၊ ၂၀၂၀ အတွက်တော့မရှိခဲ့ဘူး အဲ့လိုပေးရအောင်ထိ စွဲလန်းခဲ့တဲ့ character မရှိခဲ့လို့ ... အဲ့လို၊ အဲ့လို xD)
ဖေ့တု ကိုအရမ်းချစ်ပြီး ပျော်အောင်ထားလို၊ ကာကွယ်ပေးလိုတဲ့ကိုယ့်မှာ... ဒီလက်ခုပ်ထဲကနေတောင် မနိုင်လောက်အောင်လျှံကျနေတဲ့ အဲ့အချစ်တွေအများကြီးဟာ ဘယ်လိုထားရမယ်ကိုမသိအောင် များလွန်းတာမို့ MoDu ကို နောက်ထပ် နောက်ထပ် အချစ်တွေအများကြီးနဲ့ ဖော်ကြူးချင်တာမို့၊ ဇာတ်ကောင်တစ်ကောင်ချင်းကို ကိုယ်တို့သက်ရှိလောကနဲ့ အများကြီးပိုဆက်နွယ်စေလိုတာမို့.....။
'MoDu ဟာလောကကြီးအကြောင်း၊ မတူညီတဲ့ကံတရားတွေအကြောင်း၊ လူတွေရဲ့သဘာဝအကြောင်း၊ ဘဝကြီးရဲ့အပြောင်းအလဲအနိမ့်အမြင့်အတက်အကျ အစုံစုံကိုဖော်ညွှန်းရေးဖွဲ့ထားတာပါ၊
DU LIEST GERADE
စိတ်တွင်းဖတ်စာ (ဘာသာပြန်ဝတ္ထု)
Mystery / ThrillerChildhood, upbringing, family background, social relations, traumatic experiences... We keep reviewing and seeking out the motives of criminals, exploring the subtlest emotions driving them. It's not to put ourselves in their shoes and sympathize, o...
