ကိုယ်ရံတော်တွေရဲ့စောင့်ရှောက်မှုအောက်ကနေ Jing Yang သတင်းစာရှင်းလင်းပွဲခန်းမထဲ ဝင်လာပါတယ်။ ခန်းမထဲမှာ သူ့ကိုအင်တာဗျူးဖို့ မီဒီယာ အနည်းဆုံး အခု တစ်ရာလောက်က စောင့်မျှော်နေပါတယ်။ Cui Yan က ပုံမှန်အကြီးစား မီဒီယာသတင်းထောက်တွေအားလုံးရဲ့ အကြီးတန်းအရာရှိတွေကို နှုတ်ဆက်ပြီးသွားပါပြီ။ ဒါကြောင့် Jing Yang အတွက် အဆင်မပြေလောက်ဘူးလို့ထင်ရတဲ့ မြင်ကွင်းက တကယ်တော့ သူ့ကိုအရာအားလုံး ရှင်းလင်းပေးစေဖို့ ကူညီပေးမှာပါ။ Su Mo ရဲ့ခိုးချတဲ့ကိစ္စအမှန်တရားကို ဖော်ထုတ်တော့မှာပါ။
Jing Yang က သက်သေအားလုံး ယူလာပြီး သတင်းထောက်တစ်ယောက်ပြီးတစ်ယောက်ရဲ့ မေးမြန်းမှုကို စောင့်ဆိုင်းကာ သူတို့အားလုံးကို တိုက်ရိုက် Live လွှင့်စေခဲ့တယ်။
ပထမဆုံးသတင်းထောက်က " (Merciful Grace) နဲ့ အရမ်းဆင်တူတဲ့ပန်းချီကားကို ဆွဲရတဲ့အကြောင်းအရင်းနဲ့ ဘာကြောင့် ပြပွဲမှာ ချိတ်ဆွဲပြသခဲ့ရတာလဲ သိချင်ပါတယ်?"
"အကြောင်းရင်းက အရမ်းရိုးရှင်းပါတယ်။ ဘာလို့ဆို အဲ့ဒီ (Merciful Grace) ပန်းချီကား ရဲ့ စိတ်ကူးစိတ်သန်းအားလုံးက ကျွန်တော့်ဟာတွေမို့လို့ပါ။ ကျွန်တော် အရင်ပြီးအောင် ဆွဲခဲ့တာပါ။ သူက ကျွန်တော့်ထက် ဦးအောင် လက်လွှဲခဲ့ရုံပါ။ အရင်က ကျွန်တော်တို့ အတူနေခဲ့ကြပေမယ့် သူ့စတူဒီယိုခန်းထဲ တစ်ခါမှ မဝင်ခဲ့ဖူးဘူး။ ကျွန်တော့်အခန်းကိုတော့ ဘယ်တုန်းကမှ သော့မခတ်ထားခဲ့တာမို့ ကျွန်တော့်လက်ရာတွေကို သူကြည့်ဖို့ လွယ်ကူနေတာပေါ့။ ကျွန်တော့်ကိုယ်ပိုင်မူရင်းလက်ရာကိုပဲ အမြဲဖန်တီးခဲ့တာမို့ ပြတ်ပြတ်သားသာ လိပ်ပြာသန့်သန့် တင်ပြရဲတယ်"
"မင်းရဲ့ တင်ပြချက်တွေက Su Mo နဲ့ မတူဘူးနော်။ မင်းတို့နှစ်ယောက်အတူတူနေခဲ့တယ်လို့ သူလည်းပြောခဲ့ပေမယ့် မင်းက သူ့လက်ရာကို ခိုးကြည့်ပြီး ပုံတူကူးချခဲ့တယ်လို့ သူကပြောတာနော်။ အဲ့ဒါထက် Merciful Grace က Su Mo ဆုရစေခဲ့တဲ့ ကျော်ကြားတဲ့လက်ရာလို့ လူတိုင်းကသိကြတာ။ Merciful Grace နောက်ကွယ်က အကြံဉာဏ်တွေနဲ့ စိတ်ကူးစိတ်သန်းအားလုံးက မင်းဟာလို့ မင်းကပြောတယ်။ မင်းမှာ သက်သေပြစရာများ ရှိလား?"
YOU ARE READING
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Adventureကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)