အပိုင်း ၁၆၃ - အကူ

2.9K 368 1
                                    

[Zawgyi]
အပိုင်း ၁၆၃ - အကူ

သို့ပေမယ့် ဒုတိယသားဟာ ဝန်ပိနေတဲ့ အခြေအနေကိုတောင် ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ဒုတိယသားရဲ့ မိသားစုဟာ ခုဆိုရင် အရင်ကထက်ကို သက်သောင့်သက်သာ နေနိုင်နေပြီ။ ဒါကိုတွေးမိတော့ သူ့စိတ်ထဲ လေးကန်နေမိပြန်တယ်။

အထူးသဖြင့် နွေဦး အစောပိုင်းမှာ သူတို့ ပင်လယ်ဘက်ကို ငါးသွားဖမ်းရင်တောင် သူဖမ်းလို့ရလာတဲ့ ငါးပမာဏက ယွီဟိုင်ထက် နည်းတယ်။ သူရှာလို့ရတဲ့ငွေက အရင် ယွီဟိုင်ရှာလို့ရတဲ့ ငွေတစ်ဝက်ထက်တောင် နည်းတာမို့ သူ့အမေကလည်း တထစ်ရှိ ယွီဟိုင်ရဲ့ တစ်ဝက်လောက်တောင် သုံးစားမရဘူးဆိုပြီး ညည်းနေတော့တယ်။ ဒီလိုမှန်ကန်တဲ့အချက်တွေက သူတို့နှစ်ယောက်ကြား ကွာဟမှုတွေကို မီးမောင်းထိုးပြနေတယ်။ ကျသွားတဲ့ ကျောက်တုံးကြီးက ရုတ်တရတ် သူ့ရင်ပေါ် ပြန်လာပိနေသလို ခံစားနေရတယ်။

သူ့မှာ မနက်စောစောထပြီး ငါးဖမ်းလိုက် နေ့လယ်ပြန်လာရင် ပင်လယ်စာတွေကောက်လိုက် တခါတလေ ညကြီးသည်းကြီးလည်း ပင်လယ်မျှော့ကောက်ဖို့သွားပြီး သူဟာ ယွီဟိုင်ထက်မညံ့ကြောင်း မိသားစုကိုသက်သေပြဖို့ မနားတမ်း အလုပ်ကြိုးစားခဲ့တယ်။
ဒါပေမယ့်လို့ ပစ္စုပ္ပန်မှာဖြစ်ပျက်နေတာတွေကတော့ သူ့ကို စိတ်ဓာတ်ကျစေတယ်။ သူ့ခမျာ မမောနိုင်မပမ်းနိုင်နဲ့ ခဏလေးတောင်မနားပဲ အလုပ်တွေလုပ်တာတောင် တစ်ရက်ကို ကြေးပြားသုံးရာ လေးရာပဲ ရှာနိုင်တယ်။ ဒါပေမယ့် ယွီဟိုင်ကတော့ သူ့လို ပင်လယ်ထဲလည်း သွားစရာမလို ပင်လယ်စာလည်း မကောက်ရပေမယ့် သူ့ထက် နှစ်ဆသုံးဆလောက် ပိုရနေတယ်လေ... ယွီသာ့ရှန်းသာ စာဖတ်တတ်မယ်ဆိုရင် သူ့စိတ်ထဲ ဒီလိုတွေးနေလိမ့်မယ်။

မင်းထက်သာတဲ့သူက အမြဲရှိနေမှာပဲ
သူ့အကိုရဲ့ မနာလိုမုန်းတီးခံနေရမှန်း မသိလေတဲ့ ယွီဟိုင်ကတော့ ခုချိန်မှာ သူ့မိသားစုနဲ့ စိုးရိမ်တကြီး ဆွေးနွေးနေခဲ့တယ်။ သူတို့ဘာတွေဆွေးနွေးနေကြလဲဆိုတော့ ဒီပင်လယ်စာဝယ်ယူတဲ့အလုပ်ကို တခြားသူကို လွဲပေးရင်ကောင်းမလား မကောင်းမလား ဆိုတာကိုပဲ။
ဖန်းဇီကျန်းဟာ ယွီဟိုင်ပခုံးကို ပုတ်လိုက်ပြီး ကြည်လင် ပြတ်သားတဲ့အသံနဲ့

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now