🌺 ချိုမြိန်သော ဇနီးငယ်လေး 🌺 ( Daddy wife )
( အပိုင်း-23 )"ဦးဂုဏ် ထတော့လေ နေတောင်မြင့်နေပြီ"
"ဦးဂုဏ် ထတော့လို့ဆို
ထတော့""ဦးဂုဏ်.အဟင့်ဟင့်"
" ဦးဂုဏ် ဝါဂွမ်းကို
ကယ်ပါ..အဟီး..ဝါဂွမ်းကြောက်တယ်"" ဦးဂုဏ်..ဦးဂုဏ်
"baby.!!!."
အော်သံကြီးနဲ့ဂုဏ်ထထိုင်းလိုက်သည်
ဝမ်းဗိုက်ကနာကျင်သွားရပေမဲ့
ခေါင် ဂရုမစိုက်အား သူမကိုသာ
အခန်းထဲရှာကြည့်တော့လဲ မတွေ့..
အိမ်မက်ထဲမှာငိုနေတဲ့ သူမ လေး
လက်ကဆေးပိုက်တွေကိုဆွဲဖြုတ်ရင်း
ဂုဏ်ကုတက်အောက်ကိုဆင်းလိုက်စဥ်..ဝုန်း...
ကြွေပြားကိုထိတာနဲ့ အသဲခိုက်အောင်
နာကျင်သွားတဲ့ခြေထောက်ကြောင့်
ဂုဏ် ဟန်ချက်ပျက် လဲကျသွားသည်.." သူဌေး"
ထိုအချိန်အခန်းထဲ ပြေးဝင်လာတဲ့
မိုက်ကယ်..."သူဌေး သတိရနေပြီလား"
"မိုက်ကယ်.. ဝါဂွမ..ဝါဂွမ်းဘယ်မှာလဲ"
သူကိုပြေးလာထူတဲ့ မိုက်ကယ်လက်တွေကို
ဂုဏ်ဆုပ်ကိုင်ရင်းမေးလိုက်တော့.." မမလေး ပြန်ပါသွားတယ် သူဌေး..
အသုံးမကျမှုအတွက်ခွင့်လွှတ်ပေးပါ"မျက်ရည်များဝဲတတ်လာတာကို
ဂုဏ်အံကြိတ်ရင်း.." သွားမယ် မိုက်ကယ်..
ဝါဂွမ်းကိုသွားပြန်ခေါ်မယ် ""ဟာ သူဌေးအခုသွားလို့မသေးဘူး"
သူမဇောနဲ့ ဂုဏ် ကုန်းရုန်းထလိုက်တော့
ပထမအကြိမ်လိုပင်ပြန်လဲကျပြန်သည်
ဒီတစ်ခါတော့ ဘေးနားကမိုက်ကယ်ထိန်းပေး
လို့အောက်ကို တော့မကျ..
ခြေထောက်တွေကိုငုံ့ကြည့်တော့
သူခြေနှင်ချောင်းလုံးမှာကျောက်ပတ်တီတွေနှင့်ပင်"ဒါ..ဒါကဘာဖြစ်တာလဲ မိုပ်ကယ်"
" ကားတိုက်တုန်းက သူဌေးခြေထောက်နှစ်
ချောင်းလုံးညှပ်မိသွားတာ..""ကားတိုက်တုန်းက"
"ဟုတ်ကဲ့ သူဌေး.."
"ဝါဂွမ်း..ဝါဂွမ်းရောဘာဖြစ်သွား
လဲ မိုက်ကယ်."

YOU ARE READING
Daddy wife(Completed)
Random"ချိုမြိန်သောဇနီးဆိုးလေး" # စဆုံး ရပါပြီ #🔞🔞🔞 🔞အနည်းငယ်ပါတာမို့ မှောင်တာ ကြိုက်မှဖတ်ကြပါရှင့်😘