part 34

15.1K 1K 133
                                    

" ငါကွာ!  မင်းမှာ ဘာကျန်သေးလဲ ထည်ဝါလင်းရှိန်...!  ပိုင်ဆိုင်မှုတွေလည်း ကုန်ပြီ တသက်လုံး ကြိုးစားလာသမျှ ဘာတစ်ခုမှ မကျန်တော့ဘူး ။ အကုန် 'လင်' ကို ပေးလိုက်ပြီ ။
လခွီးထဲမှ... ပေးစရာကျန်နေသေးလို့ ဖင်ပါ ကုန်းပေးလိုက်တယ်မလား?  "

ရိုင်နာ က ပါးစပ်ကြမ်းကြမ်း ၊ အာပေါင်အာရင်းသန်သန်ဖြင့် ဘေးတွင် ရှိသမျှ လူ နားကွဲမတတ် အော်ပြော၏ ။ ရှက်လွန်းလို့ ခေါင်းသာငုံ့ထားမိသည် ။  ရိုင်နာ ညစ်တီးညစ်ပတ် ပြောသမျှ စကားတိုင်း ဆတ်ဆတ်ထိမခံ ပြန်လည်ချေပနိုင်တာ ဒီလောကမှာ ပုံရေး တစ်ယောက်သာလျှင် ရှိတော့၏ ။

ထည်ဝါလင်းရှိန်သည် အထုပ်ကလေးပိုက်လျက်
ခေါင်းကိုသာ ငုံ့ထားလျက်ရှိသည် ။ ရိုင်နာ့စကားများက မှန်နေလွန်းသည်မို့ တုံ့ပြန်ပြောစရာ စကားလုံးပင် ရှာမတွေ့ပါချေ ။

ဘေးတွင် ရှိနေသော 'မှိုင်း' ကလည်း ငုတ်တုတ်ကလေး ထိုင်လို့ ကြောင်တောင်တောင်လေး ငေးကြည့်နေ၏ ။ ရောက်ရောက်ချင်း စောက်နှင့်အထွင်းခံရသလို အ၀တ်အစားအနည်းငယ်ထည့်ထားသော ကျောပိုးအိတ်ကလေးကို ပိုက်၍သာ ငြိမ်ကုတ်နေရရှာသည်... ။

" ဟိုက မင်းကို ဘာပြန်ပေးလိုက်လဲ?  ဟင်?  ဗိုက်တစ်လုံး ပြန်ပေးလိုက်တယ်မလား... "

" တော်ပါတော့ကွာ!  မင်း ပြောမှ ငါလည်း တစ်နေရာမှ ရစရာ မရှိတော့ဘူး ။ ပုံရေးရော? "

သူ ရောက်ကတည်းက ခေါင်းချင်းဆိုင်နေသော ရိုင်နာနှင့် မှိုင်းကိုသာ တွေ့ရသည်မို့ ပုံရေး ကို မေးချင်သော်လည်း ရိုင်နာ ၀ါဒခြွေသမျှ ငြိမ်ကုတ်စွာနားထောင်နေရခြင်းဖြစ်၏ ။

" ပုံရေး က ခုတလော အပြင်သွားနေတာများတယ်....တခါတလေဆို ညဘက်တောင် ပြန်မလာတတ်ဘူး ။ အပြင်မှာအိပ်တယ် ။ မေးလည်း သေချာဖြေတာမဟုတ်ဘူး ။ "

" ပုံမှန်ဆို ပုံရေး ဘယ်ရောက်နေလဲ မင်းက ငါ့ထက်ပိုသိနေခဲ့တာ မလား?  ဘာလို့ ငါ့ပုံရေးလေးကို မင်း ဂရုမစိုက်တော့တာလဲ? "

" မင်း ကျတော့ မင်းလင် ခွေးကောင် နား ကပ်တယ်.. ငါကျတော့ အဲ့လို ကျပ်သိပ်မပြည့်ချင်တဲ့ကောင်ကို ဂရုစိုက်ပေါ့ ဟုတ်လား?  "

You are my husband (Season 1)Completed  Where stories live. Discover now