Happy Valentine's Day

42.4K 3.2K 354
                                    

" သခင်လေး "

" ဘာလဲ "

" ဟို...ဟို...လွန်းလွန်းရောဟင် "

" လွန်းညက အိပ်ယာ၀င်တာနောက်ကျလို့အခုထိအိပ်နေတုန်းပဲ ဘာလို့မေးတာလဲ "

" ခြံရှေ့မှာ လွန်းအတွက် ပန်းစည်းနဲ့ချောကလတ်တွေလာထားသွားလို့ "

" ဘာ!!! ဘယ်သူလဲ ဘယ်ကလဲ!! "

" ရှင်...အဲ့တာတော့ မိလှိုင်လဲမသိဘူးရယ် "

" ငါ့ကို အဲ့ပစ္စည်းတွေပေးစမ်း "

"ဟုတ် "

သပ်သပ်ရပ်ရပ်အလှဆင်ထားတဲ့ ပန်းစည်းလေးတွေနဲ့ချောကလတ်လေးတွေက အမြင်လှနေပေမဲ့ ဟန်နရီရဲ့စိတ်ထဲမှာတော့ အမှိုက်သာသာပါပဲ " Happy Valentine's Day Loon "ဆိုတာကလွဲရင် ကျန်တာဘာမှမရေးထားတာကြောင့် ဟန်နရီတော်တော်လေးပေါက်ကွဲသွားပုံပါပဲ

" Shit!! $ရေးမပါတာတွေ "

ပုံမှန်အတိုင်း သူလှမ်းရစ်စရာဆိုလို့ Samပဲရှိတာကြောင့် ခါးထောက်ကာ  Samကိုဖုန်းခေါ်လိုက်သည်...မနက်မိုးလင်းထဲက အာရုံနောက်သွားတာကြောင့် ဘ၀င်မကျတဲ့မျက်နှာက မှုန်ကုပ်လျှက်...

" Hello "

" ငါစိတ်တိုနေတယ် Sam "

" Boss ဘာတွေစိတ်တိုနေတာလဲ "

" မနက်စောစောစီးစီး လွန်းအတွက်ဆိုပီး ပန်းစည်းနဲ့ချောကလတ်တွေလာပို့သွားတယ် ဘယ်ကကလေကချေကောင်တွေလဲမသိဘူး တောက်!! "

" အော် Bossရယ် ကျတော်ကဘာများလဲလို့ လန့်သွားတာပဲ....လွန်းက ဒီလောက်ချစ်ဖို့ကောင်းတာ သူ့ကိုကြိုက်နေတဲ့သူတွေလဲရှိမှာပေါ့ အဲ့ထဲကတယောက်ပို့တာနေမှာပါ Bossရယ် "

" သူ့ကိုကြိုက်နေတဲ့သူတွေက ဘယ်ကကောင်တွေလဲ "

တကယ်ပါပဲ Bossဆိုတဲ့လူကလေ ပြောရင်လဲပြောတယ်ဖြစ်အုံးမယ် ရစ်ချက်က သူလိုချင်ဝာာမရမချင်းကိုရစ်နေတာ ကိုယ်က သူ့ရည်းစားလဲမဟုတ်ပဲ အချိန်တိုင်းအရစ်ခံနေရတယ် စိတ်ရှိတိုင်း ပြောမိရင်လဲ စိတ်ကကောက်သွားအုံးမယ်...အကိုတောင် Bossလောက်မရစ်တတ်ဘူး...

" အဲ့တာတော့ ကျတော်လဲဘယ်သိမလဲ Bossရယ် "

" တော်ပီ ငါဘာမှမသိချင်တော့ဘူး ဒါပဲ "

HANARY(S1+S2) Where stories live. Discover now